ကင်ပွန်းခြုံတံတားအသစ် တည်ဆောက်မှု ၂၅ ရာခိုင်နှုန်းကျော်ပြီးစီး
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဇီးဖြူကျေးရွာအုပ်စု တိုက်ကုန်း ကျေးရွာနှင့် တာကောက်ကျေးရွာတို့ကို အဓိက ဆက်သွယ်ပေးထားသော ကျေးလက် လမ်းပိုင်းပေါ် အသစ်တည်ဆောက်လျက်ရှိသော ကင်ပွန်းခြုံတံတားသည် ယခုအခါ ၂၅ ရာခိုင်နှုန်း ကျော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ တံတားသစ် တည်ဆောက်ရေး လုပ်ငန်းကို ကျေးလက်လမ်းဦးစီးဌာနက ဦးဆောင်၍ ကျေးရွာတံတားကော်မတီဝင်များဖြင့် ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည်ပေ ၄၀၊ အကျယ် ၁၂ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် ၃ ပေရှိကာ တိုင်းဒေသကြီးလွှတ်တော်ရန်ပုံငွေကျပ် ၅၀ ဒသမ ၈ သန်းဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်းနှင့် တံတားအမျိုးအစားမှာ သံမဏိရက်မ အမျိုးအစား ဖြစ်ကြောင်း ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။ တံတားတည်ဆောက်ပြီးစီးပါက ဒေသတွင်း ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများအပြင် ကုန်စည်စီးဆင်းမှု လုပ်ငန်းများကိုပါ ရာသီမရွေးဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။