၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိသူများ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ခြင်း နှင့် တည်ထားကိုးကွယ်ရန်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည်ညို

နေပြည်တော် ဒီဇင်ဘာ ၁

၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိသူများ  “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  ထုဆစ်ခြင်း နှင့် တည်ထားကိုးကွယ်ရန်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည်ညို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး  အခမ်းအနားအပြီးတွင် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိသူများသည် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင်တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ခြင်းနှင့်တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက် ကြည်ညိုကြသည်။

ဦးစွာ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိသူများအား ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး ရှင်းလင်း ဆောင်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းက “မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” တည်ထား ကိုးကွယ်နိုင်ရေးအတွက် စကျင်ကျောက်တော်ကြီးအား တူးဖော်ခဲ့သည့်အခြေအနေများ၊ နေပြည်တော်သို့ ပင့်ဆောင်ခဲ့သည့် အခြေအနေများ၊ ပလ္လင်တော်နှင့် ကိုယ်ထည်ပိုင်းတို့အား  ထုဆစ်ခြင်းနှင့် တွဲဆက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ ပိဋကတ်သုံးပုံကျောက်စာများကို ကျောက်စာချပ်များပေါ်၌ ရေးထိုးပူဇော်နိုင်မည့် အခြေအနေများ၊ တည်ဆောက်ပူဇော်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိသူများ သည် ဗုဒ္ဓဥယျာဉ်တော်အတွင်းလှည့်လည်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက် နေမှုအခြေအနေများအား  လိုက်လံကြည့်ရှုကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။

(၁၀၀)