မန္တလေးတိုင်းဒေသကြီးအတွင်း လုံခြုံရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်  ဒီဇင်ဘာ  ၁

မန္တလေးတိုင်းဒေသကြီးအတွင်း လုံခြုံရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

မန္တလေးတိုင်းဒေသကြီးအတွင်း  လက်နက်၊ ခဲယမ်းများ၊ အဖျက်အမှောင့် ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်များတွင် ဖမ်းဆီးရမိရေး စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည့်  လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊  တိုင်းမှူး  ဗိုလ်ချုပ်ကိုကိုဦး၊ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 (၁၀၀)