နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေ ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေ ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား

 

 
နေပြည်တော် ဒီဇင်ဘာ ၂

 
၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြား သည်။

 
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ၊ ပြည်ထောင် စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဌ၊ ဆပ် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက် ရောက်ကြပြီး ဆပ်ကော်မတီဥက္ကဌများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးဖြစ်ကြောင်း၊ (၇၅) နှစ်မြောက်ဆိုသည့်အတိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့သည် စိန်ရတု အခမ်းအနားဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ သတ်မှတ် ထားသည့် ကိုဗစ်-၁၉ စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ထူးခြားခမ်းနားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း။
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ရောက်ရှိခဲ့မှု သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် အမျိုးသားခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်၍ နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပြန်လည်ရရှိရေးတို့အတွက် တိုင်းရင်းသား များနှင့် စုစည်းကာ တောင်တန်းနှင့် ပြည်မ ပြန်လည် ပေါင်းစည်း၍ တစ်သွေး တစ်သားတည်း ဖြစ်အောင် ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရှမ်းပြည်နယ် ၊ ပင်လုံမြို့၌ ပင်လုံညီလာခံကျင်းပကာ လွတ်လပ်ရေးကို ပြည်နယ် ပြည်မ မခွဲခြားဘဲ ရယူမည်ဆိုသည့် တစ်ညီတစ်ညွတ်တည်း စိတ်ဓာတ်ဖြင့် ပင်လုံ စာချုပ်ကြီး ထွက်ပေါ်လာခဲ့ကြောင်း။
နိုင်ငံ၏ လွတ်လပ်ရေးရယူရန်အတွက် တိုင်းရင်းသားများအားလုံး စုစည်း ညီညွတ်စွာ ပေါင်းစည်းမှုနှင့် စုစည်းအားများဖြင့်စတင်ခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်သည် တစ်နည်းအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုများ၏ စုစည်း ညီညွတ်မှု သမိုင်းဝင်နေ့တစ်နေ့ဖြစ်ကြောင်း၊ နောင်လာ နောက်သားများ၊ မျိုးဆက် လူငယ်များ အားလုံး မမေ့မလျော့အောင် ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုနှစ် အနေဖြင့် ထူးခြားသည်မှာ (၇၅) နှစ်မြောက် စိန်ရတုဖြစ်သည့် အတွက် တာဝန် ထမ်းဆောင် ကြရသည့် ပုဂ္ဂိုလ်များအားလုံးနှင့် နိုင်ငံသူ နိုင်ငံ သားများ အားလုံးအနေဖြင့် စိန်ရတု အခမ်းအနားတွင် အားလုံးသိုက်သိုက်ဝန်းဝန်း၊ စည်စည်ကားကားကျင်းပ သွားရ မည်ဖြစ်ကြောင်း။
သမိုင်းအစဉ်အဆက်နှင့် ယနေ့အချိန်ကာလအထိ ကြည့်မည်ဆိုလျင် လက်ရှိ မိမိတို့နိုင်ငံတွင် လူဦးရေ စာရင်းအရ သန်း(၅၀) ကျော် ရှိကြောင်း၊ အဆိုပါ သန်း(၅၀) ကျော်သည် ကချင်၊ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း ဟူသည့် တိုင်းရင်းသားလူမျိုးစု (၈) ခုနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၃၀ ကျော် တို့သည် ပြည်နယ်နှင့် တိုင်း ဒေသကြီး (၁၄) ခု၌ အေးအတူပူအမျှ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်း၍ တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိုး အောက်ထဲတွင် နေထိုင်လာ ခဲ့ကြသည်ကို မမေ့မပျောက်စေဘဲ ပြည်ထောင်စုနေ့ ဦးတည်ချက် ၅ ရပ်နှင့်အညီ စိန်ရတု အခမ်းအနားကြီးကို ကျင်းပ သွားရ မည်ဖြစ်ကြောင်း။
မိမိတို့၏ မိဘဘိုးဘွားဘေးဘီဘင် လက်ထက်မှယခုအချိန်အထိနှင့် နောင် ကာလများတိုင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးအတွင်း တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့သည် မြန်မာဟူသော စိတ်ဓာတ်ဖြင့် စုစည်း ညီညွတ်စွာ နေထိုင်ခဲ့ကြ ပါကြောင်း၊ ထိုသို့စုစည်းနေထိုင်မှုကို မျိုးဆက်သစ်လူငယ်လူရွယ်များ အမှတ်ရ သိရှိစေရန်နှင့် မြန်မာဆိုသည့် စိတ်ဓာတ် ကိန်းဝပ်နေစေရန် စိန်ရတုအဖြစ် ကျရောက်သော ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုက်တွန်းနှိုးဆော်ဖော်ထုတ် ပြသ အသိပေးသွားကြရမည်ဖြစ်ကြောင်း။
အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီကို ကော်မ တီဝင်(၁၄)ဦးဖြင့်လည်းကောင်း၊ စီမံခန့်ခွဲမှုကော်မတီအား အဖွဲ့ဝင် ၁၇ ဦးဖြင့် လည်းကောင်း၊ လုပ်ငန်းအဆင်ပြေစွာ အကောင်အထည်ဖော်နိုင်ရေး ဆပ်ကော်မတီ (၁၄) ခုကိုလည်းကောင်း ဖွဲ့စည်းထားပါကြောင်း၊ ဆပ်ကော်မတီအလိုက် ဆောင် ရွက်ကြရမည့် လုပ်ငန်းများကိုလည်း ကြိုတင်စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ ယနေ့အချိန်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှုန်း ၂ ရာခိုင်နှုန်းအောက်ရောက်နေသော်လည်း ကမ္ဘာနိုင်ငံ များတွင် ကိုဗစ်-၁၉ ဗီဇမျိုးကွဲ၊ မျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ် (အိုမီခရွန်) ပေါ်ပေါက်နေကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနကလည်း ကြိုတင် ကာကွယ်ရေး လုပ်ငန်းများစီမံဆောင်ရွက်လျှက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် ယခုအချိန်သည် နည်းသော်လည်း စိန်ရတု အခမ်းအနားကျင်းပမည့် ရက်မှာ အချိန် ကာလ အားဖြင့် ၂ လတာ ကာလရှိနေ၍ပြောင်းလဲမှုများ ရှိနိုင်သည့်အတွက် ဆပ် ကော်မတီများအနေဖြင့် စိန်ရတုအခမ်း အနားကျင်းပသည့်အခါ အင်ပြည့်အား ပြည့်ဖြင့်လည်းကောင်း ၊ အနည်းဆုံးအင်အားဖြင့် လည်းကောင်း ကျင်းပပြုလုပ် နိုင်ရေး ကြိုတင်စီမံထားရန်လိုကြောင်း။
ပြည်ထောင်စုနေ့ အခမ်းအနားသည် စိန်ရတုမတိုင်မီ (၇၄) နှစ်မြောက် တိုင်ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ကော်မတီများအနေဖြင့် မိမိတို့ လုပ်ငန်း အရ၊ အစည်းအဝေးဆုံးဖြတ်ချက်များအရ နှစ်စဉ်ဆောင်ရွက်ရသည့် အခမ်းအနား ဖြစ်ကြောင်း၊ သို့သော် နှစ်စဉ်နှစ်တိုင်းဆောင်ရွက်ရသည့် အခမ်းအနားဖြစ်သော် လည်း မပေါ့မဆဘဲ လုပ်ဆောင်ကြရမည့် လုပ်ငန်းစဉ်များကို စိန်ရတု ဟူသည့် ထူးခြားလေးနက်သည့် ခေါင်းစဉ်အောက်တွင် လိုအပ်သည်များကို ဖြည့်စွက် ဆောင်ရွက်ကြစေလိုကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထူးခြားလေးနက်ပြီး ခမ်းခမ်းနားနားကျင်းပသွားရန် လမ်းညွှန်ချက်ပေးထားပါ ကြောင်း၊ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအ တွက် မိမိတို့အားလုံး အကြံကောင်း၊ ဉာဏ်ကောင်းများဖြင့် ဝိုင်းဝန်းဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး ဆပ်ကော်မတီများ ဖြစ်ကြသည့် လုံခြုံရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာ ချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ် ကော်မတီ၊ ဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေး မွေးရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော် မတီ၊ ဧည့်ခံ ကျွေးမွေးရေးဆပ်ကော်မတီ ၊ နိုင်ငံတော်အလံတင်အခမ်းအနားစီစဉ် ရေးဆပ်ကော်မတီ၊ မြေစိုက်ပိုစတာများစိုက်ထူရေးဆပ်ကော်မတီ၊ ညစာစားပွဲ ဖျော်ဖြေရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ပြန်ကြားရေး ဆပ်ကော် မတီ၊ ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေး ဆပ် ကော်မတီနှင့် အခမ်း အနားပြင်ဆင်ရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက်ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက် လာကြသူများ က ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားသည်။
ယင်းနောက် ၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။