COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ - ၁၇
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ် များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိရာ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံစုစုပေါင်း ၉၈ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသ လျက်ရှိသော လူနာစုစုပေါင်းအင်အား ၅၆၄၈ ဦးတို့ကို စုစုပေါင်းငွေကျပ် ၂၉ သိန်းကျော် တန်ဖိုးရှိ အာဟာရဖြည့်စွက်စာများ ပေးအပ်လှူဒါန်းနိုင်ခဲ့သည်။
ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ပြည်သူ့ဆေးရုံကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး၊ လဲချားမြို့ပြည်သူ့ဆေးရုံ၊ ကွန်ဟိန်းမြို့နယ်၊ မိုင်းစံတိုက်နယ်ဆေးရုံနှင့် ကယားပြည်နယ်၊ မယ်စဲ့မြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ မြိုင်ကြီးငူပြည်သူ့ဆေးရုံနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံတိုက်နယ်ပြည်သူ့ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ မြိတ်မြို့နှင့် ရေဖြူမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ ရေစခန်းတိုက်နယ်ဆေးရုံ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်တိုက်နယ်ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေး အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သပိတ်ကျင်းမြို့နယ်ပြည်သူ့ဆေးရုံနှင့် မကွေးတိုင်း ဒေသကြီး၊ ငဖဲမြို့နယ်ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ တိုက်နယ် ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။