ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲချိန်ပထမပိုင်း အတွင်း ၆ ဂိုး-ဂိုးမရှိရလဒ် ထွက်ပေါ်သည့် ပထမဆုံး ပွဲစဉ်အဖြစ် ဂလာဘတ်အသင်းနှင့် ဖရိုင်းဘတ်အသင်းတို့ ပွဲစဉ် စံချိန်တင်

ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲချိန်ပထမပိုင်း အတွင်း ၆ ဂိုး-ဂိုးမရှိရလဒ် ထွက်ပေါ်သည့် ပထမဆုံး ပွဲစဉ်အဖြစ် ဂလာဘတ်အသင်းနှင့် ဖရိုင်းဘတ်အသင်းတို့ ပွဲစဉ် စံချိန်တင်

ဂျာမန်ဘွန်ဒက်စ်လီဂါ   ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲချိန်ပထမပိုင်းအတွင်း ၆ ဂိုး-ဂိုးမရှိရလဒ်ထွက်ပေါ်သည့်   ပထမဆုံးပွဲစဉ်အဖြစ်  ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၁၄)အဖြစ် ကစားခဲ့သော ဂလာဘတ်အသင်းနှင့် ဖရိုင်းဘတ်အသင်းတို့ ပွဲစဉ်က  စံချိန်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ဖရိုင်းဘတ်အသင်းက ဂလာဘတ် အသင်းကို  ပွဲချိန်ပထမပိုင်းမှာပင်  အက်ဂက်စ်တင်၊ ချာဟ်ဒီ၊  လင်ဟတ်၊  ဟော်ဖာ၊  စကော့လတ်ဘတ် စသည့်ကစားသမားများ၏ သွင်းဂိုးများဖြင့် ၆ ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲချိန်ပထမပိုင်းအတွင်း ဂိုးအပြတ်သားဆုံး ပွဲစဉ်အဖြစ်   ၁၉၈၄ ခုနှစ် အောက်တိုဘာလအတွင်း ကစားခဲ့သည့် ဂလာဘတ်အသင်းနှင့် ဘရှောင်ရှဝှိုက် အသင်းတို့ပွဲစဉ်တွင် ဂလာဘတ်အသင်းက ဘရှောင်ရှဝှိုက် အသင်းကို ပွဲချိန် ၂၅ မိနစ်အတွင်း ငါးဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ပွဲချိန်ပထမပိုင်းအတွင်း ဂိုးအပြတ်သားဆုံး ပွဲစဉ်အဖြစ် စံချိန်တင်ထားခဲ့ခြင်းကို ယခုအခါ ဖရိုင်းဘတ်အသင်းက ဂလာဘတ်အသင်းကို ပွဲချိန် ၃၇ မိနစ်အတွင်း ခြောက်ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် ဖရိုင်းဘတ်အသင်းက အနိုင်ရရှိခဲ့ကာ  ၁၄  ပွဲ ကစားအပြီးတွင်  ရမှတ်  ၂၅  မှတ်ဖြင့် အဆင့်(၄)နေရာ၌ ဆက်လက် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။