တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းသူ အမျိုးသမီးများ အလိုရှိသည်

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းသူ အမျိုးသမီးများ အလိုရှိသည်

၁။      လျှောက်ထားသူသည်အောက်ပါအရည်အချင်းများနှင့်ပြည့်စုံရမည်-

    (က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား အိမ်ထောင် မရှိဖူးသူ (အပျို)ဖြစ်ရမည်။

    (ခ) လျှောက်ထားသူသည် ၁-၁-၂ဝ၂၂ ရက်နေ့တွင် အသက်(၁၆)နှစ်အောက်မငယ်ရ၊ (၁၈)နှစ်ထက်မကြီးရ။

    (ဂ)တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာတွဲများဖြင့် အောင်မြင်ပြီးသူဖြစ်ရမည်။

    (ဃ)အနည်းဆုံးအရပ်(၅)ပေ(၃)လက်မ၊ ကိုယ်အလေးချိန်ပေါင်(၁ဝဝ)နှင့် အထက် ရှိရမည်။

    (အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ်ထားသော်လည်း အသက် ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစား ပါမည်။)

    (င) မျက်မှန်တပ်ဆင်ထားသူမဖြစ်စေရ။

၂။ လျှောက်လွှာများအား နီးစပ်ရာ တပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal (www.myawady.net.  mm/ nurse(female))တွင် Download ရယူ၍ဖြစ်စေ အောက်ပါ စာရွက်စာတမ်းများနှင့် အတူ ၈-၁၂-၂ဝ၂၁ ရက်နေ့မှ ၃၁-၁၂-၂ဝ၂၁ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

    (က)နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

    (ခ)တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်။(အမှတ်စာရင်းတင်ပြရမည်။)

    (ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး/ မြို့နယ် ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့ မတိုင်မီ တစ်လအတွင်း ရရှိသည့် ထောက်ခံစာ (မူရင်း)။

    (ဃ)တစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ(၃)ပုံ။

    (င)အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။

    (စ)မိဘ/အုပ်ထိန်းသူ၏သဘောတူညီကြောင်း ထောက်ခံချက်။

၃။ သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် ဇီဝဗေဒဘာသာတွဲတို့ကို တက္ကသိုလ်ဝင် စာမေးပွဲသင်ရိုးညွှန်းတမ်းအတိုင်း တပ်မတော်ဗိုလ်ရွေး အဖွဲ့တွင် ၂၅-၁-၂ဝ၂၂ ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။ 

၄။ အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် ပဏာမ ရွေးချယ်ထားသူများသည် ၂၅-၁-၂ဝ၂၂ ရက်နေ့မှ ၃ဝ-၁-၂ဝ၂၂ ရက်နေ့အတွင်း တပ်မတော်ဗိုလ်ရွေးအဖွဲ့၌ ဝင်ရောက် အစစ်ဆေးခံရမည်။ ဗိုလ်ရွေးအောင်မြင်သူများကို စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများ ပြုလုပ်၍ ဆေးစစ်အောင်မြင်သူများကို သင်တန်းသားအဖြစ် အတည်ပြုရွေးချယ်မည်။

၅။      သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ်(၁၆၈ဝဝဝ)ကျပ်၊ ဒုတိယနှစ်(၁၇၄ဝဝဝ)ကျပ်၊ တတိယနှစ် (၁၈ဝဝဝဝ)ကျပ်၊ စတုတ္ထနှစ် (၁၈၆ဝဝဝ)ကျပ် ရရှိမည်။

၆။      သင်တန်းအောင်မြင်ပြီးလျှင် မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် အောက်ပါဘွဲ့များ အပ်နှင်းပေးမည် -

    (က)သူနာပြုသိပ္ပံဘွဲ့ B.N.Sc(Bachelor of Nursing Science)

    (ခ)ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ B.Pharm(Bachelor of Pharmacy)

    (ဂ) ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ) B.Med.Tech(Medical Laboratory Technology)

    (ဃ)ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာ ခန္ဓာသန်စွမ်းမှု နည်းပညာ) B.Med.Tech(Physiotherapy)

    (င)ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ) B.Med.Tech(Medical ImagingTechnology)

    (စ) ခြေတုလက်တုနှင့် အားပြုကိရိယာ နည်းပညာသိပ္ပံဘွဲ့ B.Med.Tech(Prosthetics and Orthotics)

၇။      သင်တန်း ပြီးမြောက်အောင်မြင်သောအခါ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု (Nurse)နှင့် ဆေးဘက် ကျွမ်းကျင်သူများအဖြစ် ခန့်အပ်ပေးမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက  မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် မဟာသိပ္ပံဘွဲ့(Master of Science) နှင့် ပါရဂူဘွဲ့ (Ph.D) သင်တန်းများ တက်ရောက်ခွင့်ရရှိမည်။

၈။      တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု(Nurse)/ ဆေးဘက်ကျွမ်းကျင်သူ(တတိယတန်း) အမှုထမ်းသက် (၁)နှစ်၊ အထက်တန်း သူနာပြု/ဆေးဘက် ကျွမ်းကျင်သူ(ဒုတိယတန်း) အမှုထမ်းသက်(၂)နှစ်၊  စုစုပေါင်း(၃)နှစ် ပြည့်မြောက်ပြီး သက်ဆိုင်ရာတို့မှ ပြန်တမ်းဝင်အရာရှိအဖြစ် အဆင့်တိုးမြှင့်ပေးရန် ထောက်ခံတင်ပြလျှင် ဒုတိယဗိုလ် (အထက်တန်းသူနာပြု/ ကျွမ်းကျင်သူ (ဒုတိယတန်း))အဖြစ် စတင်ခန့်အပ်ပေးမည်။

မှတ်ချက်။ အသေးစိတ် သိရှိလိုပါက မိမိတို့လျှောက်လွှာ ထုတ်ယူခဲ့သည့် တပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။