နမ့်စန်မြို့နယ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာနှင့် အထောက်အကူပြု ပစ္စည်းများ ပေးအပ်

နမ့်စန်မြို့နယ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာနှင့် အထောက်အကူပြု ပစ္စည်းများ ပေးအပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ နားရိုင်းကျေးရွာရှိ နားရိုင်းပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးက အဆိုပါကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)ဧည့်ခန်းမ၌ သွားရောက် တွေ့ဆုံအမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် က ဘားအံတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံအမှာစကားပြော ကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင် ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။