တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် သင်တန်းသားများ အလိုရှိသည်

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် သင်တန်းသားများ အလိုရှိသည်

၁။ လျှောက်ထားသူသည်အောက်ပါ အရည်အချင်းများနှင့်ပြည့်စုံရမည်-

    (က)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို) ဖြစ်ရမည်။

    (ခ )လျှောက်ထားသူသည် ၁-၁-၂ဝ၂၂ ရက်နေ့တွင် အသက်(၁၆)နှစ်အောက်မငယ်ရ၊ (၁၈)နှစ်ထက်မကြီးရ။

    (ဂ )တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာတွဲများဖြင့် အောင်မြင်ပြီးသူဖြစ်ရမည်။

    (ဃ)အနည်းဆုံးအရပ်(၅)ပေ(၃)လက်မ၊ ကိုယ်အလေးချိန်ပေါင်(၁ဝဝ)ထက်မနည်းရ၊ ပေါင်(၁၄ဝ)ထက်မကျော်ရ။

    (င)မျက်မှန်တပ်ဆင်ထားသူမဖြစ်စေရ။      

၂။ လျှောက်လွှာများအား နီးစပ်ရာ တပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal (www.myawady. net.  mm/ nurse(male))တွင်  Download  ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၈-၁၂-၂ဝ၂၁ ရက်နေ့မှ ၃၁-၁၂-၂ဝ၂၁ ရက်နေ့အတွင်း နီးစပ်ရာ တပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

    (က)နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

    (ခ)တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်။(အမှတ်စာရင်းတင်ပြရမည်။)

    (ဂ)အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး/ မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့  မတိုင်မီ တစ်လအတွင်း ရရှိသည့် ထောက်ခံစာ(မူရင်း)။

    (ဃ)တစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံ။             

    (င)အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။

    (စ)မိဘ/အုပ်ထိန်းသူ၏သဘောတူညီကြောင်းထောက်ခံချက်။

၃။ သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် ဇီဝဗေဒဘာသာတွဲတို့ကို တက္ကသိုလ်ဝင် စာမေးပွဲ သင်ရိုးညွှန်းတမ်း အတိုင်း တပ်မတော်ဗိုလ်ရွေး အဖွဲ့တွင် ၂၅-၁-၂ဝ၂၂ ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။ 

၄။      အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် ပဏာမ ရွေးချယ်ထားသူများသည် ၂၅-၁-၂ဝ၂၂ ရက်နေ့မှ ၃ဝ-၁-၂ဝ၂၂ ရက်နေ့အတွင်း တပ်မတော်ဗိုလ်ရွေးအဖွဲ့၌ ဝင်ရောက် အစစ်ဆေးခံရမည်။ ဗိုလ်ရွေး အောင်မြင်သူများကို စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများ ပြုလုပ်၍ ဆေးစစ်အောင်မြင်သူများကို သင်တန်းသားအဖြစ် အတည်ပြုရွေးချယ်မည်။

၅။      သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ်(၁၆၈ဝဝဝ)ကျပ်၊ ဒုတိယနှစ် (၁၇၄ဝဝဝ)ကျပ်၊ တတိယနှစ် (၁၈ဝဝဝဝ)ကျပ်၊ စတုတ္ထနှစ် (၁၈၆ဝဝဝ)ကျပ်ရရှိမည်။

၆။      သင်တန်းအောင်မြင်ပြီးလျှင် မိမိတို့ သင်ယူခဲ့သည့် ဘာသာရပ်အလိုက် အောက်ပါဘွဲ့များ အပ်နှင်းပေးမည်-

    (က)သူနာပြုသိပ္ပံဘွဲ့ B.N.Sc(Bachelor of Nursing Science)   

    (ခ) ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့ B.Pharm(Bachelor of Pharmacy)

    (ဂ) ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ) B.Med.Tech (Medical Laboratory Technology)

    (ဃ)ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာ ခန္ဓာသန်စွမ်းမှုနည်းပညာ)B.Med.Tech(Physiotherapy)

    (င)ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ) B.Med.Tech(Medical ImagingTechnology)

    (စ) ခြေတုလက်တုနှင့် အားပြုကိရိယာ နည်းပညာ သိပ္ပံဘွဲ့ B.Med.Tech(Prosthetics and Orthotics)

၇။      သင်တန်းပြီးမြောက် အောင်မြင်သောအခါ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု(Nurse)နှင့် ဆေးဘက် ကျွမ်းကျင်သူများ အဖြစ် ခန့်အပ်ပေးမည်ဖြစ်ပြီး သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီပါက  မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် မဟာသိပ္ပံဘွဲ့(Master of Science)နှင့် ပါရဂူဘွဲ့(Ph.D) သင်တန်းများ တက်ရောက်ခွင့်ရရှိမည်။

၈။      တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့တွင် သူနာပြု(Nurse)/ ဆေးဘက်ကျွမ်းကျင်သူ (တတိယတန်း) အမှုထမ်းသက် (၁)နှစ်၊ အထက်တန်း သူနာပြု/ဆေးဘက် ကျွမ်းကျင်သူ(ဒုတိယတန်း) အမှုထမ်းသက်(၂)နှစ်၊  စုစုပေါင်း (၃)နှစ်ပြည့်မြောက်ပြီး သက်ဆိုင်ရာတို့မှ ပြန်တမ်းဝင် အရာရှိအဖြစ် အဆင့်တိုးမြှင့်ပေးရန် ထောက်ခံတင်ပြလျှင် ဒုတိယဗိုလ် (အထက်တန်းသူနာပြု/ ကျွမ်းကျင်သူ(ဒုတိယတန်း))အဖြစ် စတင် ခန့်အပ်ပေးမည်။

မှတ်ချက်။ အသေးစိတ်သိရှိလိုပါက မိမိတို့လျှောက်လွှာ ထုတ်ယူခဲ့သည့် တပ်/ဌာနချုပ် များတွင် စုံစမ်းမေးမြန်းနိုင်သည်။