ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် အတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် အတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် ဒီဇင်ဘာ  ၈

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်  အထောက် အကူဖြစ်စေရန်အတွက်  ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးလှစိုး၊  ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ အလှူရှင်များဖြစ်ကြသည့် ရတနာ ကောင်းကင်ကုမ္ပဏီမှ ဦးကျော်ထွန်းနိုင်(ခ) အိုက်ရီနှင့်ဇနီး ဒေါ်ရီရီ(သား) မောင်ဇော်ဝဏ္ဏ မိသားစုက ငွေကျပ်သိန်း ၁ဝဝဝ တန်ဖိုးရှိ Liquid Oxygen တန် (၂ဝ) Tank နှင့် တစ်ရက်လျှင် အောက်ဆီဂျင် (၄ဝ)လီတာဝင် ၁ဝဝဝ လုံးထုတ်ပေးနိုင်သော စက်တစ်လုံး၊ ရွှေဗျိုင်းဖြူကုမ္ပဏီမှ  ဦးသိန်းဇော်ဝင်း နှင့်ဇနီး  ဒေါ်တင်လတ်မင်းက  ငွေကျပ် ၉၃၆ဝဝဝဝဝ တန်ဖိုးရှိ Liquid Oxygen တန် (၁၆ဝ)၊ Paing Family Co.,Ltd. မှ ဦးစိုးပိုင်နှင့်ဇနီး    ဒေါ်ခင်မြတ်ဆွေက ငွေကျပ် ၃၅၁ဝဝဝဝဝ တန်ဖိုးရှိ ူငဆကငိ ဥထပါနည တန် (၆ဝ)၊  ကျော်စံကုမ္ပဏီမှ ဦးကျော်ဦးနှင့်ဇနီး   ဒေါ်အိက ငွေကျပ် ၂၃၄ဝဝဝဝဝ တန်ဖိုးရှိ Liquid Oxygen တန် (၄ဝ)၊ Asia Hlaine Kyaw Co.,Ltd မှ ဦးသန်းအောင်နှင့်ဇနီး ဒေါ်လီလီက ငွေကျပ် ၁၁၇ဝဝဝဝဝ တန်ဖိုးရှိ Liquid Oxygen တန်(၂ဝ)၊ ဒေါက်တာအောင်ထက်ဝင်းနှင့် ဇနီး ဒေါက်တာမူမူရှိုင်း (Moon Sun)က ငွေကျပ် ၁၁၇ဝဝဝဝဝ တန်ဖိုးရှိ Liquid Oxygenတန်(၂ဝ)၊ Anwar Hlwan Co.,Ltd .မှ ဦးခင်စိုးနှင့်ဇနီး ဒေါ်အုန်းဇာဇာလွင်က ငွေကျပ် ၁၁၇ဝဝဝဝဝ တန်ဖိုးရှိ Anwar Hlwan Co.,Ltd .တန်(၂ဝ)၊ Win & San (ရတနာဆိုင်) က ငွေကျပ် ၁၁၇ဝဝဝဝဝ တန်ဖိုးရှိ Liquid Oxygen တန် (၂ဝ)၊ ရွှေပြည်နန်း ဦးအောင်မြင့်အား ရည်စူး၍ ဒေါ်ကြည်အေးနှင့် မိသားစုက ငွေကျပ် ၁၁၇ဝဝဝဝဝ တန်ဖိုး ရှိ Liquid Oxygen တန် (၂ဝ)၊ ကွယ်လွန်သူ မိဘများအား ရည်စူး၍ တေးသံရှင် ဒေါ်တင် တင်မြ၊ တူသား Capt. ဌေးမြင့်၊ သားကြီး ရဲမင်းသွေး၊   မမြင့်မြင့်ထွန်း မိသားစုက ငွေကျပ် ၁၁၇ဝဝဝဝဝ တန်ဖိုးရှိ  Liquid Oxygen တန်(၂ဝ)၊ Petrol Star Co.,Ltd.မှ ဦးအောင်ဝင်းနှင့်ဇနီး ဒေါ်နွယ်နွယ်ဦးက ငွေကျပ် ၁၁၇ဝဝဝဝဝ တန်ဖိုးရှိ Liquid Oxygen တန်(၂ဝ) YP7 Co.,Ltd. မှ ဦးရူပ နှင့်ဇနီး ဒေါက်တာနှင်းဟေမာန်အောင်က ငွေကျပ် ၁၁၇ဝဝဝဝဝ တန်ဖိုးရှိ Liquid Oxygen တန် (၂ဝ)၊ ဦးစံဝင်းမိသားစုက ငွေကျပ်သိန်း ၂ဝဝ၊ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် ((Myanmar Seafarers Federation- MSF)က ငွေကျပ် ၁ဝ သိန်းနှင့် ငွေကျပ် ၄၅ဝဝဝဝ တန်ဖိုးရှိ Hand Gel ၅ဝဝ ဘူး၊ Sanitizer ၅ဝဝ ဘူး၊ KF 94 Mask ၅ဝဝ ခုတို့ကို အသီးသီး လှူဒါန်းကြရာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ ထို့နောက် ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။