တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၀

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၉ ရက်နှင့် ယနေ့တို့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ဘုရားတစ်ဆူဘေးမဲ့တပ်ဦးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ မလေးရှားဝိုင်ကျေးရွာရှိ အောင်သာကုန်းကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ သပြေကုန်းကျေးရွာရှိဓမ္မိကာ ရာမကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဓမ္မာနန္ဒပရိယတ္တိကျောင်းတိုက်၊ ဖျာပုံမြို့ရှိ ခေမာသီဝံကျောင်းတိုက်၊ မအူပင်မြို့ရှိ မင်္ဂလာ ကံကြီးကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဗြဟ္မဝိဟာရကျောင်းတိုက်၊ မဟာမတောင့်ကျောင်းတိုက်၊ ပညာတော်ကျောင်းတိုက်၊ မဟာကင်းစမ်းကျောင်း တိုက်၊ မဟာဓမ္မရံသီကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိ တာရုံပရိယတ္တိစာသင်တိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ ဒဟတ်တောကျောင်း တိုက်တို့ရှိ ဆရာတော်၊ သံဃာ တော်များနှင့် သာသနာနွယ် ဝင်သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဓမ္မာနန္ဒပရိယတ္တိကျောင်းတိုက်၊ ဖျာပုံမြို့ရှိ ခေမာသီဝံကျောင်းတိုက်၊ မအူပင်မြို့ရှိ မင်္ဂလာကံကြီးကျောင်းတိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဗြဟ္မဝိဟာရကျောင်းတိုက်၊ မဟာမတောင့်ကျောင်း တိုက်၊ ပညာတော်ကျောင်းတိုက်၊ မဟာကင်းစမ်းကျောင်းတိုက်နှင့် မဟာဓမ္မရံသီကျောင်း တိုက်တို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။