ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် Cash For Work စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် စက်တင်ဘာ ၁၆ ရက်တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် နဂျီချောင်း ကျေးရွာတွင်း လမ်းပြုပြင်ခြင်း၊ ရေနုတ်မြောင်းပြုပြင်ခြင်း၊ ဘဲရင်း ကျေးရွာတွင်း လမ်းပြုပြင်ခြင်း၊ ကျေးရွာတွင်း လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။ အဆိုပါကျေးရွာနှစ်ရွာရှိ ရွာတွင်းလမ်း ပြုပြင်ခြင်းနှင့် ရေနုတ်မြောင်းပြုပြင်ခြင်းလုပ်ငန်းများကို Cash For Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေကျပ်သိန်း ၂၀၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ နည်းပညာပံ့ပိုးပေးကာ ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းပြီးစီးမှုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
တင်အောင်မိုးမြင့်