စစ်တွေမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေ ၁ စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

စစ်တွေမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေ ၁ စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၁
    
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၀ ရက် နံနက် ၄ နာရီ ၁၅ မိနစ်ခန့် တွင် စစ်တွေမြို့ အနောက်မြောက်ဘက် ရေမိုင် ၂၂ မိုင်ခန့်အကွာ၌ ရေဝင်နစ်မြုပ်နေသည့် အမည်မရှိ ဒေသခံငါးဖမ်းလှေ ၁ စီးအား တွေ့ရှိခဲ့သည်။
    
အဆိုပါရေဝင်နစ်မြုပ်နေသည့် လှေပေါ်တွင်ပါရှိသော လှေလုပ်သား ၈ ဦးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေယာဉ်ပေါသို့ ကယ်ဆယ်တင်ဆောင်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။