တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဘုရားစေတီပုထိုးများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဘုရားစေတီပုထိုးများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၁
    
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ လေးဆူဓာတ်ပုံရွှေတီဂုံစေတီတော်မြတ်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နှင့် ကျိုက်လတ်မြို့များရှိ ဘုရားစေတီပုထိုးများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ဘုရားစေတီ ပုထိုးများ ပရဝုဏ်အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရင်ပြင်တော်များ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။