ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဝင်များအားတွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဝင်များအားတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဝင်များ အား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ တွေ့ဆုံသည်။
    
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး အလှူငွေများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။