ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၂ နာရီခန့်တွင် စကုကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၂ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ် လှေတစ်စင်းတွေ့ရှိသဖြင့် စစ်ဆေးရန်ခေါ်ယူစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၏ အရှေ့တောင်ဘက် ရေမိုင် ၄ မိုင်ခန့်အကွာ၌ အလျား ၇၅ ပေ၊ အနံ ၂၂ ပေ၊ ရေစူး ၇ ပေခွဲခန့် သန်းဌေးအောင်အမည်ရှိ တရားမဝင်သစ်မှောင်ခိုလှေပေါ်မှ ဆန်းလူ(ဘ) ဦးအောင်စိုး အပါအဝင် လှေသားခြောက်ဦးတို့ကို အခြားသစ်ဆိုဒ်စုံ ၄၂ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။ အဆိုပါဖမ်းဆီးရမိသူများ၊ လှေနှင့်သစ်များအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။