ပေါက်မြို့နယ်ရှိ ကလေးသူငယ်များ ပညာသင်ကြားလျက်ရှိသော စာသင်ကျောင်း တစ်ကျောင်းအား အဖျက်အမှောင့် ဆောင်ရွက်ရန်အတွက် အကြမ်းဖက်သူအမျိုးသား ၂ ဦးက မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်၊ ဒီဇင်ဘာ ၁၂
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ သည် ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဆေးရုံ၊ စာသင်ကျောင်းများ၊ နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများအား ဖောက်ဖွဲတိုက်ခိုက်ဖျက်ဆီးခြင်း၊ ရက်စက် ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကိုပါ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်လာစေရန် သွေးထိုးမြှောက်ပင့်၍ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန် စေခိုင်းလျက်ရှိသည်။
ထိုသို့စေခိုင်းလျက်ရှိရာ ဒီဇင်ဘာလ ၁၁ ရက် ည ၇ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဆင်ဇာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်များ ပညာ သင်ကြားလျက်ရှိစဉ် အဖျက်အမှောင့်ဆောင်ရွက်ရန်အတွက် ကျောင်းရှေ့ခြံစည်းရိုးအုတ်တံတိုင်း အနီး၌ ခင်တန်းရှည်ကျေးရွာနေ ဝေဖြိုးဦး (၁၇)နှစ် (ဘ) ဦးမျိုးသက် နှင့် ကူးကားကျေးရွာနေ အောင်ဆန်းငြိမ်း(၁၆)နှစ် (ဘ) ဦးရဲမြင့် တို့ ၂ ဦးသည် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အနီးမှ လက်လုပ်မိုင်း အပိုင်းအစများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထိုသို့ စာသင်ကျောင်းအား ဖောက်ခွဲတိုက်ခိုက်ရန်အတွက် မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဝေဖြိုးဦးနှင့် အောင်ဆန်းငြိမ်းတို့ ၂ ဦးအား ဆေးဝါး ကုသမှုခံယူနိုင်ရေး ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ၎င်းတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။