(၄၇)နှစ်မြောက် ရခိုင်ပြည် နယ်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရ သွန်ပြိုင်ပွဲ ကျင်းပပြုလုပ်

(၄၇)နှစ်မြောက် ရခိုင်ပြည် နယ်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရ သွန်ပြိုင်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၄
    
၂၀၂၁  ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် (၄၇)နှစ်မြောက် ရခိုင်ပြည် နယ်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်း တွင် စစ်တွေမြို့၊ ကမ်းနားလမ်းရှိ စာတိုက်ကြီးရှေ့၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြိုင်ပွဲအမျိုးအစားအလိုက် ပြိုင်ပွဲဝင်အားကစားသမားများက မီနီမာရသွန် ပြိုင်ပွဲကို ယှဉ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိကြသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုတံဆိပ် နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။