နေပြည်တော် သြဂုတ် ၅
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာနေ ဦးလဒီး (ဘ) ဦးမွှေပုဆန်း အပါအဝင် ရွာသား ၁၁ ဦးတို့သည် သြဂုတ် ၄ ရက်တွင် တောအတွင်းသစ်ခေါက်ရှာဖွေရန်အတွက် သွားရောက်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၉၅၀၀ ခန့်အကွာသို့ အရောက်၌ ဦးလဒီးမှာ သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းဟောင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မိုင်းထိလူနာအား နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုများ ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။