PDF အမည်ခံအကြမ်းဖက်သမားများက ကိုဗစ်ကာကွယ်ဆေး  ထိုးနှံပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

PDF အမည်ခံအကြမ်းဖက်သမားများက ကိုဗစ်ကာကွယ်ဆေး  ထိုးနှံပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဒီဇင်ဘာ-၁၄

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်ပေး လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် NUG၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကိုပါ ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။
    
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိစဉ် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ရေဦး-ကံထူးမသွားကားလမ်းပေါ်ရှိ သံသည်လမ်းဆုံဘက်မှနေ၍ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့ရာ ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် မြို့နယ်အားကစားခန်းမ၏ ခေါင်မိုး ၁ ပေခန့် ပေါက်ထွက်၊ ဒိုင်းအကာသွပ်များ ပေါက်ပြဲပျက်စီးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုမရှိကြောင်း သိရှိရသည်။
    
အထက်ပါဖြစ်စဉ်မှ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူ နိုင်ရေး နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များ အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။