စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က နေအိမ် ၄ လုံးအား မီးရှို့ပြီး အမျိုးသား ၅ ဦးအား သတ်ဖြတ်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ အခြေအနေအား သွားရောက်ထိန်းသိမ်းဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းဆွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က နေအိမ် ၄ လုံးအား မီးရှို့ပြီး အမျိုးသား ၅ ဦးအား သတ်ဖြတ်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ အခြေအနေအား သွားရောက်ထိန်းသိမ်းဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၄
    
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က နေအိမ် ၄ လုံးအား မီးရှို့ပြီး အမျိုးသား ၅ ဦးအား သတ်ဖြတ်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ အခြေအနေအား သွားရောက်ထိန်းသိမ်းဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 
    
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၃ ရက် ညနေ ၄ နာရီအချိန်တွင် တန့်ဆည်မြို့နယ်၊ ရွာသာယာ ကျေးရွာ၌ PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင်အဖွဲ့အင်အား(စိစစ်ဆဲ)မှ ကျေးရွာသို့လာရောက်ကာ လူအင်အားဖြင့်ရွာအားပိတ်ဆို့၍ ကျေးရွာသူ/ကျေးရွာသားများအား သတ်ဖြတ်ပြီး နေအိမ်များအား  မီးရှို့ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့၏ အကြမ်းဖက်သတ်ဖြတ်ခဲ့မှုနှင့်  မီးရှို့ဖျက်ဆီးခဲ့မှုတို့ကြောင့် အဆိုပါကျေးရွာရှိ နေအိမ် ၄ လုံးမှာ မီးလောင်ကျွမ်းပျက်စီးနေပြီး အမျိုးသား ၁ ဦး(စိစစ်ဆဲ)မှာ မီးလောင်ဒဏ်ရာများဖြင့်လည်းကောင်း၊ အမျိုးသား ၄ ဦး(စိစစ်ဆဲ)မှာ သေနတ်ထိမှန် ဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကာ ကျေးရွာသူ/ကျေးရွာသား များမှာ အကြမ်းဖက်အဖွဲ့များ၏ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရေး ကျေးရွာအတွင်းမှ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း စိစစ်တွေ့ရှိခဲ့ရပါသည်။ 

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ကျေးရွာရှိ အခြေအနေအား ထိန်းသိမ်း ဆောင်ရွက်ပြီး အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ရန်ပြုတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသား ၁ ဦးအား ဆေးကုသမှုခံယူနိုင်ရေးအတွက် ခေါ်ဆောင်ကာ အဆိုပါကျေးရွာမှ မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် မှန်ရင်းကျေးရွာအထွက်သို့အရောက်၌ PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်  ၂ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်အချို့ တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ 
    
ဖြစ်စဉ်တွင် ကျဆုံး/ဒဏ်ရာရရှိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တန့်ဆည်မြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ကျေးရွာနေပြည်သူများအား ရက်စက်စွာ သတ်ဖြတ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။