ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ CDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာရရှိခဲ့သူ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းအား ကလေးမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသရန် လူနာတင်ယာဉ်ဖြင့် သွားရောက်စဉ် အဆိုပါအကြမ်းဖက် အဖွဲ့က လူနာတင်ယာဉ်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ CDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာရရှိခဲ့သူ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းအား ကလေးမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသရန် လူနာတင်ယာဉ်ဖြင့် သွားရောက်စဉ် အဆိုပါအကြမ်းဖက် အဖွဲ့က လူနာတင်ယာဉ်အား ပစ်ခတ်တားဆီးကာ ဦးစီးအရာရှိအား ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်  ဒီဇင်ဘာ  ၁၅

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာရရှိခဲ့သူ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းအား ကလေးမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသရန် လူနာတင်ယာဉ်ဖြင့် သွားရောက်စဉ် အဆိုပါ အကြမ်းဖက်အဖွဲ့က လူနာတင်ယာဉ် အား ပစ်ခတ်တားဆီးကာ ဦးစီးအရာရှိအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကျင်မွှာရပ်ကွက်၌ အမျိုးသား ၁ ဦးသေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ကျင်မွှာရပ်ကွက်၊ ကလေး-ဖလမ်း ကားလမ်းဘေးရှိ   ''ထီးရိပ်ဆိုင်ခွဲ(၂)'' လက်ဖက်ရည်ဆိုင်၌ ဖလမ်းမြို့ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်း (၅၇) နှစ် (ဘ)ဦးမြသောင်းသည် ၎င်း၏မိတ်ဆွေ ၁ ဦးနှင့်အတူ လက်ဖက်ရည်သောက်နေစဉ် CDF  အကြမ်းဖက် လက်နက်ကိုင် ၂ ဦးသည် ပစ္စတိုသေနတ်ကိုယ်စီ ကိုင်ဆောင်ရောက်ရှိလာပြီး ဦးသန်းဝင်းအား သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ကာ ဦးသန်းဝင်းပိုင် 2F/6226 SURF မော်တော်ယာဉ်အား ယူဆောင်မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း တွေ့ ရှိရပါသည်။

ထိုသို့ CDF အကြမ်းဖက် လက်နက်ကိုင်များ၏   သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသန်းဝင်းတွင် ဆီးခုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ပြင်အောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဝဲလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်း သေနတ်ဒဏ်ရာ ၃ ချက်ရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူနိုင်ရေး ဖလမ်း မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် ဒဏ်ရာရရှိသူ ဦးသန်းဝင်းအား ဖလမ်းမြို့ပြည်သူ့ဆေးရုံမှ ကလေးမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူနိုင်ရေး ဦးငယ်ပီး မောင်းနှင်ပြီး ဦးဒုဆန်း လိုက်ပါလာသော''ဖလမ်းလူငယ်အသင်း''ပိုင်လူနာတင်ယာဉ် 5M/7803 ဖြင့် သယ်ဆောင် မောင်းနှင်လာစဉ် ဖလမ်းမြို့နယ်၊ ခေါလယ်လမ်းခွဲသို့ အရောက်၌ CDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အင်အား(စိစစ်ဆဲ)က လူနာတင်ယာဉ်အား လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့သဖြင့် ယာဉ်အား ရပ်တန့်ကာ ဦးငယ်ပီးနှင့် ဦးဒုဆန်းတို့မှာ အသက်အန္တရာယ်မှ လွတ်မြောက်နိုင်ရေး ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လူနာတင်ယာဉ်ပေါ်တွင် ကျန်ရှိခဲ့သူ ဦးသန်းဝင်းအား CDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က   ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း သိရသည်။

CDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့၏ လူနာတင်ယာဉ်အား ပစ်ခတ်မှုဖြစ်စဉ်အတွင်း ယာဉ်မောင်းဖြစ်သူ ဦးငယ်ပီးတွင် ယာလက်မောင်း၊ ယာလက်ပြင်နှင့် ယာချိုင်းအောက်တို့တွင် လက်နက်ငယ် ထိမှန်ဒဏ်ရာ ၃ ချက် ရရှိခဲ့သဖြင့် လမ်ဘန်းတိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေစဉ် CDF အကြမ်းဖက် လက်နက်ကိုင် ၃ ဦးရောက်ရှိလာပြီး    ဦးငယ်ပီးနှင့်    ဦးဒုဆန်းတို့၏ လက်ကိုင်ဖုန်းများအား သိမ်းဆည်း သွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များတွင် အကြမ်းဖက် လုပ်ရပ်များပြုလုပ်ခဲ့သူ၊ လူနာတင်ယာဉ်အား ဝိုင်းဝန်းအကြမ်းဖက်ပစ်ခတ်ခဲ့သူ CDF အကြမ်းဖက်  လက်နက်ကိုင်များအား နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းကာ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။