ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း စည်းပျက်ကင်းမွန်မီးထွန်းလှေများဖမ်းဆီးရမိ

 

 တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၇ ရက် ညနေ ၄ နာရီမိနစ် ၂၀ ခန့်တွင် ကော့ဒွေးကျွန်း၏ အရှေ့တောင်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာနှင့် ပတ်ဝန်းကျင် နေရာတစ်ဝိုက်၌ အလျား ၅၂ ပေ ၄ လက်မ၊ အနံ ၁၀ ပေ ၆ လက်မ၊ ရေစူး ၅ ပေခန့်ရှိ စည်းပျက်ကင်းမွန်မီးထွန်းလှေပေါ်မှ ဦးလှမျိုးနိုင်(ဘ) ဦးလှထွန်းရွှေအပါအဝင် အမျိုးသား ခြောက်ဦးကို လည်းကောင်း၊ အလျား ၅၁ ပေ ၆ လက်မ၊ အနံ၁၀ ပေ ၁၁ လက်မ၊ ရေစူး ၅ ပေခန့်ရှိစည်းပျက်ကင်းမွန်မီးထွန်းလှေပေါ်မှ ဦးစိန်သန်းဌေး(ဘ) ဦးကျော်ဦး   အပါအဝင် အမျိုးသား ခြောက်ဦးကိုလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။ အဆိုပါငါးဖမ်းလှေများ နှင့်အတူ ဖမ်းဆီးရမိသူများအား မြိတ်မြို့ ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။