စိုးစန္ဒာအမည်ရှိ ကင်းမွန်မီးထွန်းလှေနစ်မြုပ်မှုအား တပ်မတော်မှကူညီကယ်ဆယ်
နေပြည်တော် ၊ စက်တင်ဘာ - ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရန် ပင်လင်ပြင်အတွင်း ထွက်ခွာလာသည့် လှေသား ၆ ဦး လိုက်ပါလာသော စိုးစန္ဒာအမည်ရှိ ကင်းမွန်မီးထွန်းလှေတစ်စီးသည် စက်တင်ဘာ ၁၈ ရက်မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဘုတ်ပြင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၄၀ ဒသမ ၅ မိုင်ခန့်အကွာသို့အရောက်၌ လှိုင်းကြီးပြီးစက်ခန်းအတွင်း ရေဝင်ရောက်မှုကြောင့် ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ရေဝင်နစ်မြုပ်လှေမှ လှေသားများအား တပ်မတော်(ရေ)မှ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ လှေသား ၆ ဦးအား လှေပိုင်ရှင်ဖြစ်သူ ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်နေ ဦးရန်ပိုင်စိုးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။