COVID-19 ပိုးတွေ့လူနာ ၄၀၃ ဦးနှင့် သေဆုံးသူ ၁၁ ဦးထပ်တိုး

 

နေပြည်တော်   စက်တင်ဘာ   ၁၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ယနေ့နံနက် ၈ နာရီ၊  ညနေ ၄ နာရီနှင့် ည ၈ နာရီ တို့တွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်များ အရ ယနေ့ဓာတ်ခွဲအဖြေ များ၌  COVID-19 ရောဂါပိုးတွေ့လူနာ၄၀၃ ဦးနှင့်  သေဆုံးသူ ၁၁ ဦးထပ်တိုးလာကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၁၈-၉- ၂၀၂၀)ရက် ည ၈ နာရီမှ (၁၉-၉-၂၀၂၀) ရက် နံနက် ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၀၁၇ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၂၈၂ ခု၊ ပြည်သူ့ကျန်းမာရေး  ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၆၅ ခု၊ ပြည်သူ့ ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲ နမူနာ ၈၄ ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာ ၁၃ ခု၊ ပြည်သူ့ဆေးရုံ ကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၆ ခု၊ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ ဓာတ်ခွဲနမူနာ ၁၆ ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာငါးခု၊ ပြည်သူ့ ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာသုံးခု၊ နေပြည်တော် အမှတ်(၂) တပ်မတော် ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၈၈ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀မှ ဓာတ်ခွဲနမူနာ ၉၂၉ ခုစုစုပေါင်းဓာတ်ခွဲနမူနာ ၂၇၁၈ ခု တို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၅၄ ဦး တွေ့ရှိသည်။

(၁၈-၉-၂၀၂၀) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှဓာတ်ခွဲနမူနာ ၂၀၃၁ ခု၊ ဆေးသုတေသန ဦးစီးဌာန(DMR)မှ ဓာတ်ခွဲ နမူနာ ၃၀၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲ မှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ ၇၄၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၃၁၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(တောင်ကြီး)မှ ဓာတ်ခွဲ နမူနာ ၃၁၆ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၈၁ ခု၊ ပြည်သူ့ဆေးရုံကြီး  မူဆယ်မြို့မှ  ဓာတ်ခွဲနမူနာကိုးခု၊ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ ဓာတ်ခွဲ နမူနာ ရှစ်ခု၊  ပြည်သူ့ဆေးရုံကြီး  တီးတိန်မြို့မှ  ဓာတ်ခွဲနမူနာ ၁၂ ခု၊  ပြည်သူ့ ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ ခုနစ်ခု၊ ပြည်သူ့ဆေးရုံကြီးကျိုင်းတုံမြို့မှ ဓာတ်ခွဲနမူနာ လေးခု၊ ပြည်သူ့ဆေးရုံကြီး ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီးစစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၈၄ ခု၊ ပြည်သူ့ ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာ ၁၃ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲ နမူနာ ၁၆ ခု၊ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ ဓာတ်ခွဲနမူနာ ၁၆ ခု၊ ပြည်သူ့ဆေးရုံကြီးမြဝတီမြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ နေပြည် တော် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၃၄၄ ခုနှင့်  ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၉၂၉ စုစုပေါင်း  ဓာတ်ခွဲနမူနာ ၅၂၅၂ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၂၂ ဦးတွေ့ရှိ ခဲ့သည်။(ဓာတ်ခွဲအတည်ပြုလူနာ ၁၆၈ ဦး တွေ့ရှိကြောင်းကို (၁၈-၉-၂၀၂၀)ရက် ည ၈ နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်သည်။

(၁၉-၉-၂၀၂၀)ရက် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း  COVID-19 ဓာတ်ခွဲ စစ်ဆေးချက် များအနေဖြင့် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၈၁၅ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၂၃၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၅၂၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၂၄၀ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၆၄ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ   ဓာတ်ခွဲနမူနာရှစ်ခု၊ ပြည်သူ့ဆေးရုံကြီးဗန်းမော်မြို့မှ ဓာတ်ခွဲ နမူနာ ၂၀ ခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ် မြို့မှ ဓာတ်ခွဲနမူနာသုံးခု၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှဓာတ်ခွဲ နမူနာ ၁၈ ခုနှင့် နေပြည်တော် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲ နမူနာ ၂၃၀ ခု စုစုပေါင်း ၂၁၆၆ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၂၄၉ ဦးတွေ့ရှိရသည်။

(၁၉-၉-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ ၄၈၇၀ ဦးရှိပြီဖြစ်သည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ အနက် စုစုပေါင်း ၁၁၈၈ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။ ယနေ့အထိ ဓာတ်ခွဲ အတည်ပြုလူနာများ အနက် သေဆုံးသူပေါင်း ၈၁ ဦးရှိပြီဖြစ်သည်။ (၁၈-၉-၂၀၂၀) ရက် မွန်းတည့် ၁၂ နာရီမှ (၁၉-၉-၂၀၂၀) ရက် မွန်းတည့် ၁၂ နာရီ အတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် ၃၂၈ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။