နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H. E. Shri Harsh Vardhan Shringle အားလက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H. E. Shri Harsh Vardhan Shringle အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ - ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H.E. Shri Harsh Vardhan Shringle အား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန် သွားရောက်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးတိုးတက်ခဲ့မှု အခြေ အနေများနှင့် ကုန်သွယ်မှုများဆောင်ရွက်ရာတွင် နှစ်နိုင်ငံတိုက်ရိုက်ကုန်သွယ်နိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပင်လယ်ရေကြောင်း တိုက်ရိုက်ကုန်သွယ်ရေး ဆိုင်ရာ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုပူးပေါင်း ဆောင်ရွက်မည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများအား အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည့်အခြေအနေများ၊ လေ့ကျင့်ရေးနှင့်ပညာသင်ကြားရေး အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာရပ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံမှ ကူညီဆောင်ရွက်ပေး နိုင်မည့် အခြေအနေများ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးများရောင်းချပေးနေမှုနှင့် လှူဒါန်းပေးနေမှုအခြေ အနေများ၊ ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့မှု ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်မှ နိုင်ငံတော် တာဝန်အား ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ အကြမ်းဖက်အဖွဲ့များမှ နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေမှု အခြေအနေများနှင့် အကြမ်းဖက် မှုတိုက်ဖျက် ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများ အား အကြမ်းဖက်မှုအပေါ် တုန့်ပြန်ရေးအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြား ရေးအတွင်းဝန် H. E. Shri Harsh Vardhan Shringle တို့သည် အမှတ်တရလက် ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့်တာဝန်ရှိ သူတို့ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေး အတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Shri Saurabh Kumar ၊ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။