စုကလိမြို့၌ ဂေါ်လီချောင်းရေမြင့်တက်မှုကြောင့် လူနေအိမ်အချို့ ရေဝင်ရောက်ပြီး ပြောင်းနှင့်စပါးစိုက်ခင်းအချို့ ရေနစ်မြုပ်မှုဖြစ်ပွား

 

မိုးသည်းထန်စွာရွာသွန်းပြီး ဂေါ်လီချောင်းရေမြင့်တက်မှုကြောင့် ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ဂေါ်လီချောင်းအနီးရှိ ကျေးရွာအချို့၌ ယနေ့မွန်းလွဲ ၂ နာရီတွင် လူနေအိမ်များ ရေဝင်ရောက်မှုနှင့် စိုက်ခင်းအချို့ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။ အဆိုပါချောင်းရေ မြင့်တက်မှုကြောင့် စုကလိမြို့ မဲကုလားကျေးရွာအုပ်စု ဥကရစ်ထကျေးရွာရှိ ခန့်မှန်းအိမ်ခြေ  ခုနစ်အိမ်ခန့် ရေဝင်ရောက်မှုဖြစ်ပေါ်၍ ပြောင်းစိုက်ခင်းဧက ၂၀၊ စပါးခင်း ၆ ဧက၊ ရွှေအေးမြိုင်ကျေးရွာရှိ ပြောင်းစိုက်ခင်းဧက ၂၀ ခန့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီတွင် ဂေါ်လီချောင်းရေမှာ ၁ ပေကျော်ခန့်ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း(ပြန်/ဆက်)