အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်း ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများအား ပြစ်ဒဏ် အသီးသီးချမှတ်

အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်း ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများအား ပြစ်ဒဏ် အသီးသီးချမှတ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (ဒ/၁၇)ရက်ကွက်၊ အမှတ် (၇၃/က) မဟာဗန္ဓုလလမ်းနေ ဇော်မင်းဦး(ခ)စွန်ရဲ(ခ)ကြွက်(ဘ)ဦးသန်းဆွေနှင့် ဇနီးဖြစ်သူ ကျင်ကျင်မွှေး(ခ)ပျိုပျို(ဘ)ဦးကျင်သိန်း တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လမှ စက်တင်ဘာလအတွင်း ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာ ပါဝင် လှုပ်ရှားခြင်း၊   အကြမ်းဖက်အဖွဲ့ ဖွဲ့စည်း၍ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့်လည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၇၉)ရပ်ကွက်၊ အမှတ်(၁၂၃၁) ပိတောင်ရွှေဝါလမ်းနေ စည်သူဖြိုး(ဘ)ဦးအေးမြင့်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်း ဖက်အုပ်စုများအဖြစ်သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ် ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်းများကိုလုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ဒီဇင်ဘာ ၂၃ ရက်တွင် ၎င်းတို့ ၃ ဦးအား “ထောင်ဒဏ် တစ်သက် ” ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၀)ရပ်ကွက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၉ ရက်တွင် ချစ်ကိုကို (ခ)နဂါး(ဘ)ဦးကြည်သိန်း၊ မျိုးဇင်အောင်(ခ)ကိုမျိုး(ဘ)ဦးအေးလွင်နှင့် နေသွေး(ဘ) ဦးချစ်ကိုကို(ခ)နဂါးတို့သည် သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခြင်း၊ လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းများကျူးလွန်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၀(က)/ ၅၄ အရ ဒီဇင်ဘာ ၂၃ ရက်တွင် ၎င်းတို့ ၃ ဦးအား “သေဒဏ် ” အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။
    
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများ အား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။