တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄
    
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသးကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ဓမ္မပါလကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ရှိ တောရကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ မြို့ဦး ဘုန်းတော်ကြီးကျောင်းတိုက်၊ မင်းပြားမြို့နယ်၊ ချဲရွာရှိ စရိယအသဲတော်ဓာတ်သီရိ မင်္ဂလာအောင်မြေတပ်ဦးကျောင်း၊ ဘူးသီးတောင်မြို့နယ်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတိုက်၊ ဒုံးသိမ်ဘုန်းတော် ကြီးကျောင်းတိုက်၊ တောင်ကုတ်မြို့ရှိ စေတျာရာမ ဘုန်းတော်ကြီးကျောင်းတိုက်၊ ဂွမြို့နယ် ရှိ တောရဘုန်းတော်ကြီးကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်ရှိ ရတနာပုံကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်း များနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန် ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။