COVID-19 ရောဂါပိုးတွေ့လူနာနှင့် ထိတွေ့သူများပြားလာသဖြင့် အင်းစိန် GTI Quarantine Center ကို အဆောင်နှစ်ခုခွဲ၍ တိုးချဲ့အသုံးပြုနေရ

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ ဖွင့်လှစ်ထားသည့် အင်းစိန် GTI Quarantine Center ကို မူလ သုံးထပ်ဆောင်အပြင် ထပ်မံတိုးချဲ့ထားသည့် သုံးထပ်ဆောင်တစ်ခုဖြင့် အသုံးပြုနေရကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ပြောကြားချက်အရ သိရသည်။ အင်းစိန် GTI Quarantine Center တွင် မူလအသုံးပြုနေသော သုံးထပ် အနီဆောင်၌ Quarantine ဝင်နေသူ ၉၅ ဦးရှိပြီး စက်တင်ဘာ ၁၈ ရက်မှစ၍ အသစ်တိုးချဲ့ထားသော သုံးထပ် အဖြူဆောင်၌ျှကမေညေအငညန ဝင်သူ ၅၂ ဦး ထားရှိကြောင်းသိရသည်။

“ပိုးတွေ့လူနာနဲ့ ထိတွေ့သူတွေ များလာတဲ့အတွက် အင်းစိန် GTI Quarantine Center ကို မူလအဆောင်အပြင်နောက်အဆောင်တစ်ခု ထပ်တိုးချဲ့လိုက်ပါတယ်။ အဆောင်နှစ်ခုအတွက် အုပ်ချုပ်စီမံသူတွေ၊ ကျန်းမာရေး စစ်ဆေးသူတွေ၊ လုံခြုံရေးတာဝန်ယူသူတွေ အပါအဝင် လုပ်အားပေး Volunter ပရဟိတ လုပ်ကိုင်သူ ၃၀ ကျော်နဲ့ နေ့၊ ညမပြတ် ဆောင်ရွက် ပေးနေပါတယ်”ဟု ဦးဝေဖြိုးဟန်ကပြောသည်။

ထို့ပြင် အင်းစိန်ဆေးရုံကြီး၌လည်း COVID-19 ရောဂါ သံသယလူနာများကုသမှုပေးနိုင်ရေး ၂၈ ဦးဆံ့ ရွေ့လျားကုသဆောင် (Mobile Tent) တစ်လုံးတိုးချဲ့ဆောင်ရွက်ထားရှိပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ကျန်းမာရေးဝန်ထမ်း Quarantine ဝင်သူများကို Hotel Quarantine သို့ ပို့ဆောင်ထားရှိပေးလျက်ရှိကြောင်း သိရသည်။

အိအိ