ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍတွေ့ဆုံ ဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းဖြင့်ကျင်းပခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်(ဟံသာဝတီ-ဦးအုန်းကြိုင်)၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့အစည်း(ယူနက်စကို)မှ တာဝန်ရှိ သူများနှင့် သတင်းမီဒီယာအဖွဲ့ ၁၉ ဖွဲ့မှ သတင်းမီဒီယာသမား ၁၉ ဦးတို့တက်ရောက် ကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌတို့က အမှာစကားအသီးသီးပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် သတင်းမီဒီယာဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် သတင်း မီဒီယာသမားများ၏ မေးမြန်းချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၀ ရက်(ယနေ့)နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)