အိန္ဒိယနိုင်ငံမှ COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး (၆ ဒသမ ၇) သန်း ပထမအသုတ်ရောက်ရှိ

အိန္ဒိယနိုင်ငံမှ COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး (၆ ဒသမ ၇) သန်း ပထမအသုတ်ရောက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ -၂၇

အိန္ဒိယနိူင်ငံ ၊ Serum Institute of India Private Limited (SII)နှင့် Serum Institute Life Sciences Private Limited မှ ဝယ်ယူသော COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး(၆ ဒသမ ၇)သန်း ပထမအသုတ် တင်ဆောင်လာသော Spicejet လေကြောင်းလိုင်း လေယာဉ်သည် အိန္ဒိယနိုင်ငံ မွန်ဘိုင်း မှ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်းသိရသည်။
အဆိုပါ Spicejet လေကြောင်းလိုင်းဖြင့် ရောက်ရှိလာသည့် COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး (၆ ဒသမ ၇)သန်း (10 doses per Vial ထုတ်ပိုးမှုပုံစံ) ဆေးအလုံးရေ(၆၇၀၀၀၀)သိန်း ဆေးပုံးအရေအတွက်( ၅၅၉ )ပုံး အလေးချိန် ၁၇၅၉၆ ကီလိုဂရမ်တို့အား ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ထွန်းမင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လက်ခံ ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိူင်ငံ ၊ Serum Institute of India Private Limited (SII)နှင့် Serum Institute Life Sciences Private Limited မှ စုစုပေါင်း COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးကာကွယ်ဆေး(၁၃ ဒသမ ၄)သန်းပြည့် သည်အထိ ဝယ်ယူထားရာ ဒုတိယအသုတ် ထပ်မံရောက်ရှိမည် ဖြစ်သည်။
အဆိုပါ COVIDSHIELD ကိုဗစ်-၁၉ ကာကွယ် ဆေးသည် ဆေးတစ်ပုလင်း လျင် လူ(၁၀)ယောက် ထိုးနိုင်ပြီးလူဦးရေ doses (၆၇၀၀၀၀၀)အတွက်ဖြစ်ကြောင်း သိရသည်။ ယနေ့တွင် ရန်ကုန်မြို့လေဆိပ် သို့ရောက်လာသောဆေးများကို Cold Chain Delivery and Logistics ယာဉ်ကြီးများဖြင့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုဆေးသို လှောင်ခန်း(အအေးခန်း)တွင် ပို့ဆောင်ထားရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။