တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၉)နှင့် အမျိုးသမီး သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၆)တို့မှ သင်တန်းဆင်းသင်တန်းသား၊ သင်တန်းသူများအား ဆေးဝန်ထမ်း တာဝန်ခန့်အပ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၂၇

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၉) နှင့် အမျိုး သမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆)တို့မှ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား ဆေးဝန်ထမ်း တာဝန်ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်နှင့် ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးတို့သည် စင်မြင့်ထက်၌နေရာယူကြပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းက ကျောင်းဆင်း သင်တန်းသား၊ သင်တန်းသူတစ်ဦးချင်းစီအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်လွှာပေးအပ်သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းက အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။                              

(၁၀၀)