ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
နေပြည်တော်၊ ဒီဇင်ဘာ - ၂၈
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး၊ သဘာဝဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်းအဝေး တွင် တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ သဘာဝဘေး အန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။