တပ်မတော်(ရေ)မှ တာဝန်ရှိသူများ ခရစ်စမတ်အခမ်းအနားသို့ တက်ရောက်

တပ်မတော်(ရေ)မှ တာဝန်ရှိသူများ ခရစ်စမတ်အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ-၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ကဘင်း ချောင်းကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ယနေ့ကျင်းပပြုလုပ်သော ခရစ်စမတ်နေ့အထိမ်းအမှတ် ပျော်ပွဲရွင်ပွဲအခမ်းအနားသို့ တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးနှင့် အရာရှိစစ်သည်များပါဝင်သော အဖွဲ့ သွားရောက်ပြီး ခရစ်ယာန်ဘာသာဝင်များနှင့် တွေ့ဆုံခြင်း၊ ခရစ်စမတ်ဆုမွန် ကောင်းများတောင်းခြင်း၊ ခရစ်စမတ်အမှတ်တရ ကိတ်ခွဲခြင်း၊ ခရစ်စမတ် လက်ဆောင်နှင့် ထောက်ပံ့ပစ္စည်းများပေးခဲ့ပြီး ကျေးရွာသူ/သားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။