နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုကိုးကျွန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံနှင့် အခြေခံပညာ အထက်တန်းကျောင်း၊ ကိုကိုးကျွန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုကိုးကျွန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံနှင့် အခြေခံပညာ အထက်တန်းကျောင်း၊ ကိုကိုးကျွန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့သို့ သွားရောက်၍ မြို့နယ်ပြည်သူ့ ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များအား ကိုကိုးကျွန်းမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်နယ်မှ တာဝန်ရှိသူ များက လေဆိပ်တွင် လှိုက်လှဲစွာ ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နယ်မြေ ခံရေတပ်စခန်းဌာနချုပ် အစည်းအဝေးခန်းမတွင် ရေတပ်စခန်းမှူးက ဒေသဖွံ့ဖြိုးရေး နှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကိုကိုး ကျွန်းမြို့နေ ဒေသခံပြည်သူများနှင့်ကုန်စည်များအား တပ်မတော်မှရေယာဉ်၊ လေယာဉ် များဖြင့် အပတ်စဉ်၊ လစဉ် အခမဲ့ပို့ဆောင်ပေးနေမှုအခြေအနေများ၊အုန်းနှင့် အုန်းထွက်ပစ္စည်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံသို့‌ရောက်ရှိကြရာ ဆေးရုံအုပ် ကြီး ဒေါက်တာ မျိုးမင်းအောင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြပြီး ဆေးရုံ အစည်းအဝေးခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ဆေးရုံသမိုင်းအကျဉ်း၊ နှစ်အလိုက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုနှင့် ဒေသခံများ၏ ကျန်းမာရေးကဏ္ဍတိုးတက် လာသည့် အခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းများအတွက်ဝန်ထမ်းအိမ်ရာများ၊ ရေ၊ မီး လိုအပ်ချက်များကို ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ် သက်၍ ကာကွယ်ထိန်းချုပ်မှု၊ ကာကွယ်ဆေးထိုးနှံမှု၊ အသိပညာပေးမှုများ ဆောင်ရွက် ပေးနိုင်ခဲ့မှုနှင့် ရောဂါပိုးအတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှမရှိသည်အထိ ထိန်းချုပ် ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ တပ်မတော်၏ ကျန်းမာရေးကူညီစောင့်ရှောက် မှု၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှုတို့ကြောင့် ဒေသခံများ၏ ကျန်းမာရေးတိုးတက် လာမှုအခြေအနေများနှင့် ဆေးရုံတွင်လိုအပ်လျက်ရှိသည်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ကိုကိုးကျွန်းဒေသသည် ယခင်က သွားလာရေးနှင့် စားသောက်ရေး တို့တွင် များစွာအခက်အခဲများရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်မှစ၍ ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို အမြဲမပြတ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ ယခင် ကထက် များစွာတိုးတက်ပြောင်းလဲ လာပြီဖြစ်သော်လည်း လိုအပ်ချက်များ ရှိနေဦး မည်ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့ရေး၊ ကျန်းမာရေးတို့အတွက် ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုကိုးကျွန်းသည် အခြားကျွန်းများနှင့်မတူဘဲ လမ်းပန်းဆက်သွယ်ရေး ဝေးကွာမှု အခက်အခဲများ၊ ရာသီဥတုအခက်အခဲများရှိခြင်းကြောင့် တပ်မတော်အနေဖြင့် ဒေသ ဖွံ့ဖြိုးတိုးတက်စေလိုသည့် ရည်ရွယ်ချက်ဖြင့်သာ အစဉ်အဆက် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးနေခြင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် နယ်မြေခံ တပ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတို့အတူတကွ ဝိုင်းဝန်း၍ ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ ယခင်ကထက် လမ်းပန်းဆက်သွယ် ရေးနှင့် နေရေး၊ စားရေးတို့တွင် အဆင်ပြေမှုရှိလာပြီဖြစ်သဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ များတွင်များစွာတိုးတက် ကောင်းမွန်လာပြီး ကျန်းမာရေးဆိုင်ရာများတွင်လည်း တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရသဖြင့် ဝမ်းသာပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများကို တာဝန်ပေးအပ်ရာတွင် အလှည့်ကျစနစ်ဖြင့်မဟုတ်ဘဲ နှစ်ကာလ အပိုင်းအခြားဖြင့် တာဝန်ထမ်းဆောင်စေရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှ သာလျင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအနေဖြင့် ဒေသခံလူထု၏ ကျန်းမာ ရေး အခြေအနေများနှင့် လိုအပ်ချက်များကို အတွင်းကျကျသိရှိနိုင်မည်ဖြစ်ပြီး လုပ်ငန်း တာဝန်များကိုလည်း ဖိဖိစီးစီးဖြင့် အပြည့်အဝထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသ ၏ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တပ်မတော်နှင့် ဌာန ဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ညီညီညွတ်ညွတ်ဖြင့် အတူတကွ ဝိုင်းဝန်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆေးရုံအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ဆေးရုံအုပ် ကြီးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်း၊ ကိုကိုးကျွန်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများကကြိုဆိုနှုတ်ဆက်ကြပြီး ကျောင်းခန်းမ ၌ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးနေမှုအခြေအနေများ၊ ဆရာ၊ ဆရာမများ လိုအပ်ချက်ရှိမှုနှင့်  ခန့်အပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကိုကိုးကျွန်းဒေသတွင် လူသားအရင်းအမြစ်များလုံလောက်စွာရှိစေရေး  ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှုများကို ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် အဓိကလိုအပ်သည့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများကိုလည်း တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဝေးလံခေါင်ပါးသည့် ဒေသတွင်တာဝန်ထမ်းဆောင်ရသည့်သူများဖြစ်သဖြင့် လိုအပ် သည်များကိုလည်း ဖြည့်ဆည်းပေးရန်လိုကြောင်း။

ပညာသင်ကြားရေးနှင့်ပတ်သက်၍ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်၏ အမျိုး သားပညာရေးစီမံကိန်း (နှစ် - ၃၀) အား ယခင်ကအတိုင်း ဆက်လက်သင်ကြား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင်ဆောင်ရွက်ခဲ့သည့် သင်ရိုးများမှ မိမိတို့နိုင်ငံ၏ လူမှုရေးစနစ်နှင့် မကိုက်ညီသည်များကိုသာ တည်းဖြတ်ဆောင်ရွက်ထားခြင်းဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ပညာရေးသည် ၂၀၁၉-၂၀၂၀ ခုနှစ်ပညာသင်နှစ်အထိ တန်းစဉ် ကူးပြောင်းမှုရာခိုင်နှုန်းများ များစွာလျော့နည်းခဲ့ခြင်းကြောင့် ပညာရေးစနစ်အားနည်း ခဲ့ကြောင်း၊ ပညာသင်ကြားရေးစနစ်ကောင်းမွန်စေရေး ဆရာ၊ ဆရာမများပြည့်စုံမှုရှိ အောင်ဖြည့်ဆည်းရန်လိုအပ်ကြောင်း၊ နိုင်ငံတည်ဆောက်မှု State Building၊ Nation Building များဆောင်ရွက်ရာတွင် အခြေခံအားဖြင့် နိုင်ငံအတွင်းပညာတတ်များ အများအပြားပေါ်ထွက်လာရန် မဖြစ်မနေလိုအပ်ကြောင်း။

ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားရာတွင် အတန်ပညာများ အား အမှန်တကယ်တတ်မြောက်ရန်လိုအပ်သကဲ့သို့ အသိပညာများရှိစေရန်အတွက် လည်း စာအုပ်စာပေများ ဖတ်ရှုလေ့လာစေရေး တိုက်တွန်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန် ထမ်းဆောင်ချိန်တွင် ကျောင်းနေအရွယ်တွင် ကလေးများအားလုံးပညာသင်ကြားနိုင်ရေး အနိမ့်ဆုံးအဆင့် KG + 9 (အခြေခံပညာ အလယ်တန်း) အဆင့်ပြီးမြောက်သည်အထိ သင်ကြားနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံအတွင်းရှိပြည်သူများအားလုံး အတန်းပညာများရှိရန်လိုအပ် သဖြင့် ကျောင်းသား၊ ကျောင်းသူ များအားလုံး မူလတန်းမှစ၍ တက္ကသိုလ်ပြီးဆုံးသည် အထိ အတတ်နိုင်ဆုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အသိပညာ၊ အတတ်ပညာများတိုးတက်မြင့်မားရေး စာဖတ်ရှိန်မြှင့်တင်ရန်လည်း လိုအပ်ကြောင်း မှာကြားပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင်ဖြစ်ပေါ် ခဲ့သည့် မဲမသမာမှုများကြောင့် တပ်မတော်က နိုင်ငံတော်၏တာဝန်အား ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ နိုင်ငံတော်အား ပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင် ရွက်နေမှုနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဆရာ၊ ဆရာများအတွက် စားသောက်ဖွယ်ရာများပေးအပ်ပြီး ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ ကျွန်းပတ်လမ်းနှင့် နယ်မြေခံတပ် ဌာနချုပ်များအားလည်းကောင်း၊ ဂျယ်ရီကျွန်းနှင့်ကျွန်းမကြီးအား ကျွန်းဆက်လမ်း ဖောက်လုပ်မည့် အခြေအနေများအားလည်းကောင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုကျွန်းမြို့၊ အုန်းနှင့်အုန်းထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းသို့ ရောက်ရှိကြြပီး အုန်းဆီသန့်စက်ရုံ၊ အလှဆင်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများထုတ်လုပ်မှု လုပ်ငန်းနှင့် အုန်းဆံကြိုးစက်ရုံတို့အတွင်းလှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အုန်းထွက်ပစ္စည်းများအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ပေါင်းစပ်၍ ယခုထက်ပိုမိုထုတ်လုပ်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်နှင့် ထုတ်ကုန်များအား ဈေးနှုန်းသက်သာ စွာဖြင့် ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံရေတပ်စခန်းဌာနချုပ်အတွင်း ဥစားကြက်များ မွေးမြူထား ရှိမှုနှင့် Green House များအတွင်း သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြာင်း သတင်းရရှိသည်။