ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာနေ တပ်မတော်သား မိသားစုဝင်များအား CDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်
နေပြည်တော် ဒီဇင်ဘာ ၂၉
CDF အမည်ခံ အကြမ်းဖက်သမားများက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာနေ တပ်မတော်သား မိသားစုဝင်များအား ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် အကြောင်းမဲ့ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာသို့ CDF အမည်ခံ အကြမ်းဖက်သမားများသည် ညနေ ၅ နာရီခန့်တွင် မော်တော်ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ တပ်မတော်သား မိသားစုဝင်များဖြစ်သည့် ၂ နှစ် နှင့် ၁ လသားအရွယ် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင် ၄ ဦးအား အကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည့် မိသားစုဝင်များအား အမြန်ဆုံးပြန်လည် လွတ်မြောက်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ် စစ်ဆေးမှုများနှင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။