ပြည်ပမှပြန်လာသူများကို အခမဲ့ Quarantine ဝင်ရောက်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးပေးခြင်းနှင့် ရောဂါပိုး စစ်ဆေးတွေ့ရှိသူများကို ရောဂါပျောက်ကင်းသည်အထိ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများဆောင်ရွက်ပေး

ပြည်ပမှပြန်လာသူများကို အခမဲ့ Quarantine ဝင်ရောက်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးပေးခြင်းနှင့် ရောဂါပိုး စစ်ဆေးတွေ့ရှိသူများကို ရောဂါပျောက်ကင်းသည်အထိ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများဆောင်ရွက်ပေး

နေပြည်တော်  ဒီဇင်ဘာ  ၃၀

၁။         ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲဖြစ်နေကြ သည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအား အမိမြန်မာနိုင်ငံတော်သို့ ပြန်လည်ဝင်ရောက် နိုင်ရေး ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့်လည်းကောင်း၊ တပ်မတော် စစ်ရေယာဉ်များဖြင့်လည်းကောင်း၊ နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်စေခြင်း ဖြင့်လည်းကောင်း အမိမြန်မာနိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် ကြည့်ရှုစောင့်ရှောက်မှုပေးနိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီစဉ်ဆောင်ရွက်ပေး လျက်ရှိပါသည်။ ထိုသို့စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာတွင် ၁-၂-၂၀၂၁ ရက်နေ့မှ ၂၈-၁၂-၂၀၂၁ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသူ၊ နိုင်ငံသားများမှာ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ခရီးစဉ် (၉၀၄)ကြိမ်ဖြင့် Facility Quarantine ဝင်ရောက်သူ (၄၆၆၂၂)ဦး၊ တပ်မတော်စစ်ရေယာဉ်ဖြင့် (၁၀၈၆)ဦး၊ နယ်စပ်ဂိတ်များမှ (၉၂၁၃၃)ဦးဖြစ်ပါသည်။ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ခရီးစဉ်ဖြင့် နိုင်ငံအလိုက်ပြန်လည်ဝင်ရောက်လာသူများအနက် Facility Quarantine ဝင်ရောက်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(           က        )           မလေးရှားနိုင်ငံ                           ၂၄၄၂၆ ဦး

(           ခ          )           ကိုရီးယားသမ္မတနိုင်ငံ                 ၆၂၂၄ ဦး

(           ဂ          )           စင်ကာပူနိုင်ငံ                             ၇၇၁၃ ဦး

(           ဃ        )           တရုတ်နိုင်ငံ                               ၈၄၃ ဦး

(           င          )           ထိုင်းနိုင်ငံ                                  ၃၆၇၄ ဦး

(           စ          )           ဒူဘိုင်း                                       ၁၁၉၀ ဦး

(           ဆ        )           အိန္ဒိယနိုင်ငံ                                ၉၂၅ ဦး

(           ဇ          )           ဂျပန်နိုင်ငံ                                  ၄၉၀ ဦး

(           ဈ         )           လာအိုနိုင်ငံ                                ၁၁ ဦး

(           ည        )           ဖိလစ်ပိုင်နိုင်ငံ                            ၅၄ ဦး

(           ဋ          )           ဂျော်ဒန်နိုင်ငံ                              ၃၂၆ ဦး

(           ဌ          )           ထိုင်ဝမ်                                     ၁၅၇ ဦး

(           ဍ          )           ကမ္ဘောဒီးယားနိုင်ငံ                     ၉၁ ဦး

(           ဎ          )           ဗီယက်နမ်နိုင်ငံ                           ၉၁ ဦး

(           ဏ        )           ဘင်္ဂလားဒေ့ရှ်နိုင်ငံ                      ၁၆၄ ဦး

(           တ        )           အခြားနိုင်ငံများမှ                         ၂၄၃ ဦး

                                    စုစုပေါင်း                                   ၄၆၆၂၂ ဦး

၂။         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုကော်မတီတို့၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် ဆက်စပ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ပြည်ပမှပြန်လည်ဝင်ရောက်လာသူများကို နွေးထွေးပျူငှာစွာဖြင့် အသွား အလာကန့်သတ်စောင့်ကြည့်ခြင်း (Facility Quarantine) အား သတ်မှတ်နေရာ များတွင် အခမဲ့ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲနမူနာများ ရယူပြီး RT-PCR နည်းဖြင့် စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ ကယ်ဆယ် ရေးလေယာဉ် (Relief Flight) ဖြင့် ပြန်လည် ဝင်ရောက်လာသူ (၄၆၆၂၂)ဦးအနက် (၂၈၁၇)ဦးတွင်လည်းကောင်း၊ တပ်မတော်စစ်ရေယာဉ်ဖြင့် ပြန်လာသူ (၁၀၈၆)ဦး အနက် (၂)ဦးတွင်လည်းကောင်း၊ နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာသူ (၉၂၁၃၃)ဦးအနက် (၂၀၀၃)ဦးတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သဖြင့် စုစုပေါင်းဓာတ်ခွဲ အတည်ပြုလူနာ (၄၈၂၂)ဦးရှိခဲ့ပါသည်။  အဆိုပါ  ဓာတ်ခွဲအတည်ပြုလူနာများအား သတ်မှတ်နေရာများတွင် ဆေးကုသမှုခံယူစေပြီး ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်းသည်အထိ နိုင်ငံတော်အစိုးရက တာဝန်ယူ ကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(၁၀၀)