(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ပြုလုပ်

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၃၁

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ဂေါက်ကလပ်၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ပြိုင်ပွဲအား Smoke Ball ရိုက်၍ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်အသင်းသားများအား လိုက်လံတွေ့ဆုံ၍ ယှဉ်ပြိုင်ကစား နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။