စစ်တွေမြို့ရှိ လေးဝတီပညာရေးရိပ်သာရှိ ကျောင်းသား၊ ကျောင်းသူများအား အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်

စစ်တွေမြို့ရှိ လေးဝတီပညာရေးရိပ်သာရှိ ကျောင်းသား၊ ကျောင်းသူများအား အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၃၁
    
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လေးဝတီပညာရေးရိပ်သာတွင် နေထိုင်၍ အခြေခံ ပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ အား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံသည်။
    
ထို့နောက် တိုင်းမှူးက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိ ယာများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ပညာရေး ရိပ်သာအတွင်းရှိ အိပ်ဆောင်များ၊ အားကစားခန်းမနှင့် စုပေါင်းစားချက်ဆောင်တို့အား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။