ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ကြီး၌ (၄၈)ကြိမ်မြောက် အသံမစဲပိဋကသုံးပုံရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပပြုလုပ်

ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ကြီး၌ (၄၈)ကြိမ်မြောက် အသံမစဲပိဋကသုံးပုံရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၃၁
    
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံကြီး၌ (၄၈)ကြိမ်မြောက် အသံမစဲပိဋကသုံးပုံရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဉက္ကဋ္ဌ၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဓမ္မရောင်ခြည် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
    
ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော် သံဃမဟာနာယက ဒုတိယဉက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ 
    
ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သာကေတ မြို့နယ်၊ တိပိဋကာလင်္ကာရကျောင်း ဦးစီးပဓာနနာယက၊ တိုင်းသံဃနာယကအဖွဲ့ ဉက္ကဋ္ဌဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂသာမိထံမှ အနုမောဒနာ တရားနာယူကာ ပိဋကသုံးပုံရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကိုပိတ်သိမ်းခဲ့ပြီး သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။