တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်
 

နေပြည်တော်၊ ဇန်နဝါရီ - ၃

 
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ သည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ် ဆေးသို လှောင်ခန်းမှ ဆေးတစ်လုံးလျင် ၅ ဦးထိုးနိုင်သည့် Sinopharm ဆေး၊ ဆေးတစ်လုံးလျင် ၂ ဦးထိုးနိုင်သည့် Sinovac ဆေးနှင့် ဆေးတစ်လုံးလျင် ၁၁ ဦး ထိုးနိုင်သည့် Covishield ဆေးများကို မြစ်ကြီးနားမြို့သို့ Sinopharm ဆေး ၁၇၉ လုံး၊ Sinovac ဆေး ၈၂၁၀ လုံးနှင့် Covishield ၁၈၁၉ လုံး၊ စစ်တွေမြို့သို့ Sinopharm ဆေး ၇၃၈ လုံးနှင့် Covishield ၁၄၆၈၂ လုံး၊ ကျိုင်းတုံမြို့သို့ Sinopharm ဆေး ၁၅၀ လုံး၊ Sinovac ဆေး ၃၀၀၀ လုံးနှင့် Covishield ဆေး ၄၅၄၆ လုံး၊ လွိုင်ကော်မြို့သို့ Sinopharm ဆေး ၅၁ လုံးနှင့် Covishield ဆေး ၉၁၀ လုံး၊ ထားဝယ်မြို့သို့ Sinopharm ဆေး ၅၆ လုံး၊ Sinovac ဆေး ၂၀၀ လုံးနှင့် Covishield ဆေး ၉၁၀ လုံး၊ မြိတ်မြို့သို့သို့ Sinopharm ဆေး ၆၃ လုံးနှင့် Covishield ဆေး ၃၁၄၆ လုံး၊ ကော့သောင်မြို့သို့ Sinopharm ဆေး ၃၃ လုံး၊ Sinovac ဆေး ၁၇၅ လုံးနှင့် Covishield ဆေး ၁၈၁၉ လုံး၊ လားရှိုးမြို့သို့ Sinopharm ဆေး ၂၀၃လုံး၊ Sinovac ဆေး ၁၃၀၄၈ လုံးနှင့် Covishield ဆေး ၃၄၅၅ လုံးတို့ကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း နှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။