(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေဘို-မြစ်ကြီးနား လမ်း အဆင့်မြင့်နိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်ပွဲကျင်းပပြုလုပ်

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေဘို-မြစ်ကြီးနား လမ်း အဆင့်မြင့်နိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်ပွဲကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၃

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၀- ၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင် ရွက်ခဲ့သည့် ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြင့်နိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းပေါ်၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ KBS Family Company Limited မှ ဒါရိုက်တာ ဦးဘိုဘိုသောင်း က နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆိုပါကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်းသစ်သည် ၄၇၅ ဒသမ ၉၀ ကီလိုမီတာမှ ၄၇၉ ဒသမ ၀၀ ကီလိုမီတာအထိ လမ်းအရှည် ၃ ဒသမ ၁၀ ကီလိုမီတာအား လမ်းအနိမ့်အမြင့်ဖြစ်ပေါ်နေသော နေရာများကို Levelling ပြုလုပ် ပေးခြင်း၊ ရေစီးရေလာကောင်းမွန်ရန်အတွက် ရေမြောင်းများနှင့် လမ်းဖြတ်ကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများအပါအဝင် နိုင်လွန်ကတ္တရာလမ်းသစ်ခင်းခြင်းအား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။