(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ထူးဆောင် လက်မှတ်ပေးအပ်ပွဲများ ကျင်းပ

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ထူးဆောင် လက်မှတ်ပေးအပ်ပွဲများ ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ - ၄
    
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အနော်ရထာခန်းမရှေ့စစ်ရေး ပြကွင်း၌ ကျင်းပပြုလုပ်သည်။
    
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး  ဖုန်းမြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊စစ်သမီးများ တက်ရောက်ကြပြီး အခမ်းအနားတွင် နိုင်ငံတော်အလံ အလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်းတို့ကို စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် က လွတ်လပ်ရေးနေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားခဲ့သည်။
    
အလားတူ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့စစ်ရေးပြအခမ်းအနားများကို တိုင်းစစ်ဌာနချုပ်များအလိုက် အသီးသီးကျင်းပပြုလုပ်ကြရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်များ တက်ရောက်ကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ကျင်းပပြုလုပ် ကြသည်။
    
၎င်းပြင် တိုင်းစစ်ဌာနချုပ်များအလိုက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပြီး အားကစားပြိုင်ပွဲများအလိုက် ဆုရရှိသူများအား တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ကြ သည်။
    
ထို့ပြင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ထူးဆောင် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တို့၌ အသီးသီးကျင်းပပြုလုပ်ကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏  သူရဲကောင်း လက်မှတ်နှင့် ဂုဏ်ထူးဆောင်လက်မှတ်ရရှိကြသည့် အရာရှိ၊ စစ်သည်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စားတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။