ကျိုင်းတုံမြို့၊ သီရိနော်ကျောင်းတိုက်အတွင်း၌ ဓမ္မာရုံအသစ်တည်ဆောက်ရန် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားပြုလုပ်

ကျိုင်းတုံမြို့၊ သီရိနော်ကျောင်းတိုက်အတွင်း၌ ဓမ္မာရုံအသစ်တည်ဆောက်ရန် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၄
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ သီရိနော်ကျောင်းတိုက်အတွင်း၌ ဓမ္မာရုံ အသစ်တည်ဆောက်ရန် အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ ကျိုင်းတုံမြို့၊ ကောင်းမူးခမ်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝိဇေယျ အမှူးပြုသော ဆရာတော်၊ သံဃာတော် ကြွရောက် တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကောင်းမူးခမ်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ဓမ္မာရုံအသစ်တည်ဆောက်ရန် မင်္ဂလာအုတ်မြစ်ချကြပြီး သံဃာ တော်များက သာသနာဿစ လောကဿဝုပို့ရာဇတောအုံး အောင်ခြင်းရှစ်ပါး (၂၄) ပစ္စည်း - ဇယန္တောအဆုံးထိ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ကာ  အုတ်မြစ်ချမင်္ဂလာအခမ်းအနားအား ရုတ်သိမ်းခဲ့ကြသည်။ 
    
ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။