ပင်လည်ဘူးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် အင်ဂါးကျေးရွာသို့ ရောက်ရှိနေသည့် အကြမ်းဖက်အဖွဲ့များအား ဝင်ရောက်ဖမ်းဆီး၊ ကျေးရွာသူ၊ ကျေးရွာသားများ အား လိုအပ်သည့်ကူညီထောက်ပံ့မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ပင်လည်ဘူးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် အင်ဂါးကျေးရွာသို့ ရောက်ရှိနေသည့် အကြမ်းဖက်အဖွဲ့များအား ဝင်ရောက်ဖမ်းဆီး၊ ကျေးရွာသူ၊ ကျေးရွာသားများ အား လိုအပ်သည့်ကူညီထောက်ပံ့မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော်၊ ဇန်နဝါရီ - ၄
    
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အင်ဂါးကျေးရွာသို့ ရောက်ရှိနေသည့် KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ဖမ်းဆီး ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။
    
ဖြစ်စဉ်မှာ ယနေနံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ် အတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက်  KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၈၀ ဦးခန့်သည် အင်ဂါးကျေးရွာသို့ ရောက်ရှိနေကြောင်း  ဆူပူအကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသားအချို့က ကျေးရွာအနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ်အကြောင်းကြားသတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့လယ် ၂ နာရီခွဲခန့်တွင် အဆိုပါကျေးရွာအတွင်းသို့ ဝင်ရောက်ဖမ်းဆီးစဉ် အကြမ်းဖက်သမားများနှင့် ညနေ ၄ နာရီခွဲခန့်ထိ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ အကြမ်းဖက်သမားများ ကျေးရွာ၏ အရှေ့ မြောက်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ထံမှ လက်လုပ်သေနတ် ၃ လက်၊ အိုင်ကွန်အထိုင် စက်(အကြီး) ၁ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံးနှင့် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။ 
    
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း လိုအပ်သည့် လုံခြုံ ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ကျေးရွာအတွင်းရှိ အကြမ်းဖက်မှုတွင် ပါဝင်ခြင်းမရှိသည့် ကျေးရွာသူ၊ ကျေးရွာသား ၁၇၉ ဦးတို့အား လိုအပ်သည့် ကူညီ ထောက်ပံ့မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
    
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်းဝင်ရောက်၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ပါဝင်ကြရန် သတင်းထုတ်ပြန်အပ်ပါသည်။