(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားများ၊ ပျော်ပွဲ ရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဂုဏ်ပြုမီးအလှထွန်းညှိခြင်းများပြုလုပ်

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားများ၊ ပျော်ပွဲ ရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဂုဏ်ပြုမီးအလှထွန်းညှိခြင်းများပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၄
    
ယနေ့သည် မြန်မာတစ်မျိုးသားလုံး ဝမ်းသာပျော်ရွှင်မဆုံးဖြစ်ရသော (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ ဖြစ်သည်နှင့်အညီ လွတ်လပ်ရေးနေ့ အလံတင် အခမ်း အနားများ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲ များအား မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
    
၎င်းအပြင် တန်ခိုးကြီးဘုရားစေတီများ၊ ပန်းခြံများ၊ အများနှင့်သက်ဆိုင် သောနေရာများ၌ ဘုရားဖူးမြှော်သူများနှင့် လာရောက်အပန်းဖြေသူများဖြင့် စည်ကား လျက်ရှိသည်။
    
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပါ အဝင် အခြားမြို့ကြီးများ၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုမီးအလှများ ထွန်းညှိခြင်းများ ဆောင်ရွက်ကြရာ လာရောက်ကြည့်ရှုသူ မိဘပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်းသတင်းရရှိသည်။