ပထမအကြိမ်ရေကြောင်းတိုင်းတာရေးဆိုင်ရာ ပူးတွဲကော်မတီအစည်းအဝေးတက်ရောက်ရန် အိန္ဒိယရေတပ်မှ ရေကြောင်းတိုင်းတာရေးအကြီးအကဲVice Admiral Adhir Arora နှင့်ဇနီးတို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ရောက်ရှိ
နေပြည်တော်၊ ဇန်နဝါရီ - ၄
မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်မည့် ပထမအကြိမ်ရေကြောင်းတိုင်းတာရေး ဆိုင်ရာပူးတွဲကော်မတီအစည်းအဝေး (1st Joint Committee Meeting-JCM) သို့ တက်ရောက်ရန်အတွက် အိန္ဒိယရေတပ်မှ ရေကြောင်းတိုင်းတာရေးဆိုင်ရာအကြီးအကဲ ဖြစ်သူ Vice Admiral Adhir Arora နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၈ ရက်အထိ ၅ ရက်ကြာနေထိုင်၍ ပူးတွဲကော်မတီအစည်းအဝေးသို့ တက်ရောက်ခြင်းနှင့် ရန်ကုန်မြို့ရှိအထင်ကရနေရာများသို့ လေ့လာလည်ပတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။