တရုတ်(တိုင်ပေ)ရောက် မြန်မာနိုင်ငံသား ၁၀၀ ဦးအား ကယ်ဆယ်ရေးလေယာဉ် China Airlines ဖြင့် တတိယအကြိမ်ပြန်လည်ပို့ဆောင်

 

တရုတ်(တိုင်ပေ)ရောက် မြန်မာနိုင်ငံသား ၁၀၀ ဦးအား ကယ်ဆယ်ရေးလေယာဉ် China Airlines တတိယအကြိမ်မြောက် ပြန်လည်ပို့ဆောင်ပေးရာ စက်တင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ဖြင့် သံဃာတော်တစ်ပါး၊  မြန်မာသင်္ဘောသား ၅၃ ဦး၊ ပညာသင်ပြီးဆုံးသည့်ကျောင်းသား ၁၁ ဦး၊ ဆေးကုသမှုခံယူသူနှင့် မိသားစုဝင် ၁၄ ဦး၊ ရင်ခွင်ပိုက်ကလေးငယ် တစ်ဦးနှင့် မိသားစုများထံ အလည်အပတ်ရောက်ရှိ နေသူများအပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၀ ဦးတို့ လိုက်ပါလာပြီး စက်တင်ဘာ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် တရုတ်(တိုင်ပေ)မှ ရန်ကုန်မြို့သို့ ထွက်ခွာလာရာ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ပြန်လည်ရောက်ရှိကြသည်။

နေရပ်ပြန်မြန်မာနိုင်ငံသားများ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိစဉ် သီးသန့် စီစဉ်ပေးသည့်နေရာ၊ သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ၁၄ ရက်နှင့်  နေအိမ်၌ အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာကဏ္ဍအလိုက်   တာဝန်ယူဆောင်ရွက် ပေးခဲ့ကြသည်။

ပထမအကြိမ်မှ တတိယအကြိမ်အထိ တရုတ်(တိုင်ပေ)ရောက် မြန်မာနိုင်ငံသား ၂၁၃  ဦးအား  ကယ်ဆယ်ရေးလေယာဉ် China Airlines ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့်  စတုတ္ထအကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်ကို အောက်တိုဘာ ၄ ရက်တွင် ထပ်မံ ပျံသန်းပေးမည်ဖြစ်ကြောင်း ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ သိရသည်။

ဝန်းရံခ