ချယ်လ်ဆီးအသင်းမှ အဓိက ဗဟိုခံစစ်ကစားသမား သီယာဂိုဆေးလ်ဗားကို တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို

ချယ်လ်ဆီးအသင်းမှ အဓိက ဗဟိုခံစစ်ကစားသမား သီယာဂိုဆေးလ်ဗားကို တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို

ချယ်လ်ဆီးအသင်းသည် အသင်းမှ ဝါရင့်ဗဟိုခံစစ် ကစားသမား သီယာဂိုဆေးလ်ဗားကို တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ် သီယာဂိုဆေးလ်ဗားသည် ၂ဝ၂ဝ ပြည့်နှစ် သြဂုတ်လက ပီအက်စ်ဂျီအသင်းမှ ချယ်လ်ဆီးအသင်းသို့ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး   ယခု ဘောလုံးရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

သီယာဂိုဆေးလ်ဗားသည် ပြီးခဲ့သည့် ဘောလုံးရာသီ အကုန်က အသင်းနှင့်တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီးနောက် ယခုဘောလုံးရာသီတွင် အသင်းနှင့် ဆက်လက်လက်တွဲ ခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ကာ အဓိကဗဟိုခံစစ် ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သဖြင့် ချယ်လ်ဆီးအသင်းက တစ်နှစ်ထပ်မံ သက်တမ်းတိုး စာချုပ်ချုပ်ဆိုသည့်အတွက်  လာမည့် ဘောလုံးရာသီအထိ အသင်းတွင် ဆက်ရှိနေမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အသင်းမှ ခံစစ်ကစားသမားများ ဖြစ်သည့် သီယာဂိုဆေးလ်ဗားကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်သော်လည်း   တခြားခံစစ် ကစားသမားများ ဖြစ်သည့် ရူဒီဂါနှင့် ခရစ္စတန်ဆန်တို့ကို လက်လွှတ်ရဖွယ်ရှိပြီး  လက်ရှိတွင်  အက်ပလီကွီတာကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။